အာဆင်နယ်နှင့်ပွဲ၌ မာနေး၊ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်တို့ ကစားနိုင်မည်ဟု ကလော့ပ်အတည်ပြု

လာမယ့်စနေနေ့ ကစားမယ့် အာဆင်နယ်နဲ့ပွဲမှာ မာနေးအပါအဝင် ဟန်ဒါဆန်နဲ့ ရော်ဘတ်ဆန် တို့လည်း ပါဝင်နိုင်မယ်လို့ နည်းပြ ကလော့ပ်က အတည်ပြုပါတယ်။
အဆိုပါ ကစားသမား ၃ ဦးဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြပြီး နိုင်ငံအသင်းကနေ နုတ်ထွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဆီနီဂေါတိုက်စစ်မှူးမာနေးဟာ နံရိုးဒဏ်ရာကြောင့် နိုင်ငံအသင်းကနေ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ နာကျင်မှုအနည်းငယ်ရှိပေမယ့် လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်ပြီဖြစ် တယ်လို့ နည်းပြကလော့ပ်ကအတည်ပြုပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းအတွက်ကစားရင်း ဒဏ်ရာရခဲ့တဲ့ ဟန်ဒါဆန်ရဲ့ဒဏ်ရာကတော့ အနည်းငယ်ပြဿနာရှိပေမယ့် အာဆင်နယ်နဲ့ပွဲအတွက် အခွင့်အရေးရှိပြီး ပါဝင်နိုင်တယ်လို့ ကလော့ပ်ကဆိုပါတယ်။
နောက်ခံလူရော်ဘတ်ဆန်ရဲ့ ဒဏ်ရာကတော့ အနည်းငယ်ကံကောင်းခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ နည်းပြက လော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းမှာ တိုက်စစ်မှူးဖေမီနို၊ နောက်ခံလူ ဂျိုးဂိုမက်ဇ်နဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ကီတာ၊ အယ်လီယော့၊ ကာတစ်ဂျုံးစ်နဲ့ ဂျိမ်းစ်မီလ်နာတို့ကတော့ ဒဏ်ရာရရှိနေလို့ လွဲချော် မယ်လို့သိရပါတယ်။