close

Black Friday လျော့စျေးရောင်းပွဲတော် စတင်

နိုဝင်ဘာ ၂၅ ရက် ကျေးဇူးတော်နေ့အပြီးမှာကျရောက်မယ့် နိုဝင်ဘာလ ၂၆ရက်နေ့ Black Friday လျော့စျေးပွဲတော်အတွက် Apple, Samsung စတဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ အဆင့်မြင့်ထုတ်ကုန်တွေကို  အပြိုင်အဆိုင် စတင်စျေးလျော့ရောင်းချကြပါပြီ။ 

Samsung ရဲ့ နောက်ဆုံးထုတ် Galzxy Z Flip 3 ဆိုရင် ဒေါ်လာ ၅၀၀ လောက်ထိ စျေးသက်သာပြီး Samsung Neo QLED 8K TV ဆိုရင် ဒေါ်လာ ၁၀၀၀ လောက်ထိ သက်သာမယ်လို့ Sumsang ကုမ္ပဏီက ကြေညာထားပါတယ်။

Amazon, Walmart, Target စတဲ့ အွန်လိုင်းအရောင်းဆိုင်တွေကလည်း အပြိုင်အဆိုင် စျေးချရောင်းဖို့ အပြိုင်အဆိုင် ကြေညာပြင်ဆင်နေကြတာကို တွေ့ရပါတယ်။

Image Source : Samsung 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up