close

စျေးရောင်းပွဲ

close

February 20, 2022

မြန်မာနွေဦးတော်လှန်ရေး ရန်ပုံငွေရှာ စျေးရောင်းပွဲ သြစတြေးလျတွင် ပြုလုပ်

မြန်မာနွေဦးတော်လှန်ရေး ရန်ပုံငွေရှာ စျေးရောင်းပွဲတခုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ 

Support for Myanmar from Australia and Singapore နဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေက ပူးပေါင်းပြုလုပ်ကာ မြန်မာအစားအစာ အမျိုး ၂၀ ကျော်လောက် ရောင်းချခဲ့ပြီး မဲလ်ဘုန်းရောက် ကျောင်းသားလူငယ်တွေနဲ့ တိုင်းရင်းသားတွေက အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ဒီပွဲကနေ ရန်ပုံငွေ ဒေါ်လာ ၁ သောင်းခွဲကျော်လောက် ရရှိနေပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာ မြေပြင်အဖွဲ့တွေကို တိုက်ရိုက်လှူဒါန်းသွားမယ်လို့ ပွဲစီစဥ်သူတဦးက ပြောပါတယ်။

11 mins Ago

November 19, 2021

Black Friday လျော့စျေးရောင်းပွဲတော် စတင်

နိုဝင်ဘာ ၂၅ ရက် ကျေးဇူးတော်နေ့အပြီးမှာကျရောက်မယ့် နိုဝင်ဘာလ ၂၆ရက်နေ့ Black Friday လျော့စျေးပွဲတော်အတွက် Apple, Samsung စတဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ အဆင့်မြင့်ထုတ်ကုန်တွေကို  အပြိုင်အဆိုင် စတင်စျေးလျော့ရောင်းချကြပါပြီ။ 

Samsung ရဲ့ နောက်ဆုံးထုတ် Galzxy Z Flip 3 ဆိုရင် ဒေါ်လာ ၅၀၀ လောက်ထိ စျေးသက်သာပြီး Samsung Neo QLED 8K TV ဆိုရင် ဒေါ်လာ ၁၀၀၀ လောက်ထိ သက်သာမယ်လို့ Sumsang ကုမ္ပဏီက ကြေညာထားပါတယ်။

Amazon, Walmart, Target စတဲ့ အွန်လိုင်းအရောင်းဆိုင်တွေကလည်း အပြိုင်အဆိုင် စျေးချရောင်းဖို့ အပြိုင်အဆိုင် ကြေညာပြင်ဆင်နေကြတာကို တွေ့ရပါတယ်။

Image Source : Samsung 

3 months Ago
Up