ကေအန်ယူနယ်မြေ၌ ယခုလအတွင်း တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၆၉ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ အခု နိုဝင်ဘာလဝက်အတွင်းမှာ ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းတပ်ခွဲတွေနဲ့ စစ်ကောင်စီတပ်တို့အကြား ရင်ဆိုင်တိုက်ပွဲ ၈၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆၉ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ တပ်မဟာ ၅ တပ်ရင်းတပ်ခွဲတွေနဲ့ စစ်ကောင်စီတပ်တို့အကြား ရင်ဆိုင် တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၆၉ ဦးသေဆုံးသွားသလို တပ်ရင်းမှူ ၁ ဦးပါအဝင် ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ် ၄ စီးကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က နယ်မြေချဲ့ထွင်စိုးမိုးအုပ်ချုပ်မှုအကျိုးဆက်ကြောင့် ဖြစ်ပွားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။