CNN နာမည်ကြီး သတင်းကြေညာသူ ခရစ်ကွာမို အလုပ်ထုတ်ခံရ

CNN သတင်းဌာနက လူသိများတဲ့ သူ့ရဲ့ သတင်းကြေညာသူ ခရစ်ကွာမိုကို ဌာနကနေ ထုတ်ပယ်လိုက်ပြီလို့ ဒီဇင်ဘာ ၄ ရက်က ကြေညာ လိုက်ပါတယ်။
ခရစ်ဟာ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အန်ဒရူး ကွာမိုနဲ့ ညီအကို တော်စပ်သူပါ။ အန်ဒရူးရဲ့ လိင်ပိုင်း မဖွယ်မရာ ပြုမှုစွဲချက်နဲ့ ပတ်သက်တဲ့ အပေးအယူမှာ ကူညီဖို့ ခရစ်က အားထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ နောက်ထပ် သတင်းအချက်အလက်တွေ ထပ်ရအပြီး ခုလို အလုပ်ထုတ် ခံရတာလည်း ဖြစ်ပါတယ်။
CNN ရဲ့ လူကြည့်အများဆုံး အချိန်မှာ ပြသတဲ့ ခရစ် တင်ဆက်တဲ့ သတင်းအစီအစဉ်ကိုလည်း အင်္ဂါနေ့က စတင် ဆိုင်းငံ့ခဲ့ပါတယ်။
ခရစ်ကတော့ သတင်းကွန်ရက်ရဲ့ စည်းမျဉ်းတချို့ကို ချိုးဖောက်ခဲ့တယ်လို့ မေလတုန်းက ဝန်ခံခဲ့ပါတယ်။4
သူဟာ ပြည်သူ့ဆက်ဆံရေး ရှုထောင့်ကနေပြီး စွဲချက်တွေကို ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာ အစ်ကိုဖြစ်သူ အန်ဒရူးကို အကြံပေးခဲ့တယ်လို့ ဝန်ခံ ထားပါတယ်။
အသက် ၆၃ နှစ်အရွယ် အန်ဒရူးကတော့ လိင်မှုဆိုင်ရာ အကျင့်ဆိုးတွေနဲ့ ပတ်သက်တဲ့ စွဲချက် အတော်များများကို ရင်ဆိုင်အပြီး ဩဂုတ်လမှာ အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နုတ်ထွက်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ သူကတော့ အမှားမလုပ်ဘူးလို့ ငြင်းဆို ထားပါတယ်။