ဩစတြီးယားတွင် နှင်းထုပြိုကျပြီး နှင်းလျှောစီးသူ ၅ ဦး သေဆုံး

ဩစတြီးယားနိုင်ငံအလယ်ပိုင်းက နှင်းလျှောစီး ခရီးစဉ်အတွင်း နှင်းထု ရေခဲထုတွေ ပြိုကျလို့ နှင်းလျှောစီးသူ ၅ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၅ ရက်မှာ ဖော်ပြပါတယ်။
ဆားယက်ဇ်ဘော့ ပြည်နယ် တွိန်းဒေသက နှင်းလျှောစီး စခန်းမှာ စနေနေ့က ခန့်မှန်းခြေ မီတာ ၂၀၀ ကျယ်တဲ့ နှင်းထုက နှင်းလျှောစီးသူ ၈ ယောက်ပေါ် ပြိုကျခဲ့တာပါ။
နှင်းလျှောစီးသူ ၃ ယောက်က နှင်းထဲမှာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ တစိတ်တပိုင်းပဲ နှင်းပိလို့ သူတို့ဟာသူတို့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။
နှင်းလျှောစီးသူ နောက်ထပ် ၂ ယောက်ကို ရှာဖွေရေး ပစ္စည်းတွေရဲ့ အကူအညီနဲ့ ကယ်ဆယ်ရေးသမားတွေက ရှာတွေ့ခဲ့ပေမဲ့ တွေ့ချိန်မှာ တယောက်က သေဆုံးနေပြီးသားဖြစ်ပြီး နောက်တယောက်ကတော့ ဆေးရုံကို ရောက်မှ သေဆုံးခဲ့ပါတယ်။