close

အာဖဂန်အတွက် လူသားချင်းစာနာမှု ရန်ပုံငွေချပေးမည်ဟု အစ္စလာမ္မစ်အဖွဲ့ ကတိပြု

အာဖဂန်နစ္စတန်နိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေတရပ် ချမှတ်ပေးမယ်လို့ အစ္စလာမ်မာဘတ်မြို့မှာ ကျင်းပတဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ဒီဇင်ဘာ ၁၉ ရက်မှာ ကတိပြုလိုက်ပါတယ်။

နိုင်ငံအတွင်း သန်းချီတဲ့လူတွေ ဆာလောင်မွတ်သိပ်မှုနဲ့ ပြင်းထန်တဲ့ ဆောင်းရာသီကို ရင်ဆိုင်နေရလို့ အခြေအနေ ပိုဆိုးလာနေတဲ့ အရေးပေါ်အခြေအနေတွေကို အမြန်မကိုင်တွယ်ပါက ပရမ်းပတာ ဖြစ်ကုန်မယ်လို့ အစ္စလာမ်မာဘတ်မြို့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပါကစ္စတန် ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

အကျပ်အတည်းကြောင့် စိုးရိမ်မှု မြင့်တက်နေပေမဲ့ ဩဂုတ်လက အာဏာသိမ်းထားတဲ့ တာလီဘန် အစိုးရကို ကူညီဖို့ အနောက်နိုင်ငံတွေက တွန့်ဆုတ်နေတဲ့အတွက် နိုင်ငံတကာ တုံ့ပြန်မှု ရပ်နေခဲ့တာပါ။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရေးရှီးက ကြေညာတဲ့ ရန်ပုံငွေကို အစ္စလာမစ် ဖွံ့ဖြိုးရေးဘဏ်ရဲ့ ပံ့ပိုးမှုအောက်မှာ တည်ထောင်မှာလည်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် ပြင်ပမှာ သိမ်းထားတဲ့ အရန်ဘဏ္ဍာတွေကို သုံးဖို့ခွင့်ပြုတာဟာ စီးပွားရေး ပြိုလဲတာကနေ ဟန့်တားဖို့ အဓိကအချက် ဖြစ်လာမယ်လို့ အစည်းအဝေး တက်ရောက်သူတွေက ကြေညာချက်ထဲမှာ ပြောပါတယ်။

အစည်းအဝေး တက်ရောက်သူတွေထဲမှာ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန်တို့က ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ ဒါပေမဲ့ ရန်ပုံငွေ ဘယ်လောက်ပမာဏ ပေးမယ်ဆိုတာနဲ့ ဒီအစည်းအဝေးဟာ  တာလီဘန် အစိုးရကို တရားဝင် အသိအမှတ် ပြု၊ မပြု ရှင်းရှင်းလင်းလင်း မသတ်မှတ်ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up