အာဖဂန်တွင် ဆင်းရဲမွဲတေမှုနှင့်ငတ်မွတ်ခေါင်းပါးမှုများ ခြိမ်းခြောက်နေ

အာဖဂန်နစ္စတန်နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ငတ်မွတ်ခေါင်းပါးမှုတို့က နိုင်ငံအတွင်း လူအများစုကို ခြိမ်းခြောက်နေတာကြောင့် အကျင့်ပျက်အရာရှိတွေရဲ့ နိုင်ငံ့ဘဏ္ဍာတိုက်ကနေ ခိုးယူသွားတဲ့ငွေတွေ ကို ပြန်ရဖို့မျှော်လင့်နေမိတယ်လို့ ကဘူးလ်မြို့ခံတွေက အောက်တိုဘာ ၃၀ ရက် မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်ပြည်သူတွေ အရမ်းဆင်းရဲလာတဲ့အတွက် ခိုးယူထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးဖို့ တောင်းဆိုပါတယ်လို့ မြို့ခံ ဇာမီနာက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ပြည်သူတွေမှာ စားစရာ မရှိပေမဲ့ အကျင့်ပျက်အရာရှိတွေကတော့ နိုင်ငံ့ဘဏ္ဍာတွေကို ခိုးယူထားပြီး နိုင်ငံခြားကို လွှဲပြောင်းပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက အာဖဂန်နစ္စတန်ကို မကူညီရင် ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် အာဖဂန်လူမျိုးတွေဟာ အငတ်ဘေးနဲ့ ဆင်းရဲတွင်း ကြုံရနိုင်တယ်လို့ တခြားမြို့ခံ မိုဟမ်မဒ် ဆလာရှူအာရ်က သတိပေးပါတယ်။
အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးဟာ ပြိုကျလုနီးပါးဖြစ်နေပြီး ဒုက္ခသည်အကျပ်အတည်းကို ပိုမို ကြီးထွားလာစေနိုင်တယ်လို့ ကုလသမဂ္ဂက အကြိမ်ကြိမ် သတိပေးထားပါတယ်။