close

ချန်ပီယံလိဂ်ပွဲက သင်ခန်းစာယူပြီး အင်ဒိုနှင့်ဆူဇူကီးဖလားဗိုလ်လုပွဲကို မပေါ့ဆရန် ထိုင်းနည်းပြ သတိပေး

ထိုင်းအသင်းသားတွေအနေနဲ့ အင်ဒိုနီးရှားနဲ့ ဗိုလ်လုပွဲမှာ မပေါ့ဆဖို့ လိုအပ်တယ်လို့ ထိုင်းနည်းပြ မာနိုပိုလ်ကင်းက သတိပေးစကားဆိုသွားပါတယ်။ 

ထိုင်းအသင်းဟာ အင်ဒိုနီးရှားနဲ့ အာဆီယံ ဆူဇူကီး ဖလားဗိုလ်လုပွဲ ပထမအကျော့မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ 

တနင်္ဂနွေနေ့ ကစားမယ့် ဒုတိယအကျော့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းကို သင်ခန်းစာယူပြီး ကစားရမယ်လို့ ထိုင်းနည်းပြက ပြောခဲ့တာပါ။ 

၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီက ဘာစီလိုနာကို ပထမအကျော့မှာ ၄ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတာကို ထိုင်နည်းပြက ရည်ညွှန်းပြောခဲ့တာပါ။

“ဗိုလ်လုပွဲက မပြီးသေးပါဘူး။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ချန်ပီယံလိဂ်မှာ ၄ ဂိုး နဲ့ ဦးဆောင်ပြီး ရှုံးနိမ့်သွားခဲ့ဖူးတာကို မြင်ခဲ့ရပြီးပါပြီ။ အာရုံစူးစိုက်မူအပြည့်အဝထားပြီး အင်ဒိုဘက်ကို အခွင့်အရေးမပေးဖို့လိုပါတယ်” လို့ ထိုင်းနည်းပြမာနိုက ပြောပါတယ်။ 

အင်ဒိုနည်းပြ  ရှင်တေးယွန်ကတော့  ခြေစွမ်းကွာဟချက်တွေရှိပြီး အသင်းမှာ အတွေ့အကြုံအားနည်းတာကြောင့် အနိုင်ရဖို့ မျှော်လင့်မထားဘူးလို့ ပြောသွားပါတယ်။ 

Photo- Thailand Football Association

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up