ထိုင်းအသင်းသားတွေအနေနဲ့ အင်ဒိုနီးရှားနဲ့ ဗိုလ်လုပွဲမှာ မပေါ့ဆဖို့ လိုအပ်တယ်လို့ ထိုင်းနည်းပြ မာနိုပိုလ်ကင်းက သတိပေးစကားဆိုသွားပါတယ်။
ထိုင်းအသင်းဟာ အင်ဒိုနီးရှားနဲ့ အာဆီယံ ဆူဇူကီး ဖလားဗိုလ်လုပွဲ ပထမအကျော့မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
တနင်္ဂနွေနေ့ ကစားမယ့် ဒုတိယအကျော့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းကို သင်ခန်းစာယူပြီး ကစားရမယ်လို့ ထိုင်းနည်းပြက ပြောခဲ့တာပါ။
၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီက ဘာစီလိုနာကို ပထမအကျော့မှာ ၄ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတာကို ထိုင်နည်းပြက ရည်ညွှန်းပြောခဲ့တာပါ။
“ဗိုလ်လုပွဲက မပြီးသေးပါဘူး။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ချန်ပီယံလိဂ်မှာ ၄ ဂိုး နဲ့ ဦးဆောင်ပြီး ရှုံးနိမ့်သွားခဲ့ဖူးတာကို မြင်ခဲ့ရပြီးပါပြီ။ အာရုံစူးစိုက်မူအပြည့်အဝထားပြီး အင်ဒိုဘက်ကို အခွင့်အရေးမပေးဖို့လိုပါတယ်” လို့ ထိုင်းနည်းပြမာနိုက ပြောပါတယ်။
အင်ဒိုနည်းပြ ရှင်တေးယွန်ကတော့ ခြေစွမ်းကွာဟချက်တွေရှိပြီး အသင်းမှာ အတွေ့အကြုံအားနည်းတာကြောင့် အနိုင်ရဖို့ မျှော်လင့်မထားဘူးလို့ ပြောသွားပါတယ်။
Sport Suzuki final