close

လေကြောင်းတိုက်ခိုက်မှုကြောင့် စိုးရိမ်နေသည့် ၀က်လက်တောင်သူများကို ဒေသခံ PDF က စပါးကူရိတ်ပေး

စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ စိုးရိမ်ထိတ်လန့်နေတဲ့ တောင်သူတွေကို PDF ရဲဘော်တွေက စပါးကူညီရိတ်သိမ်းပေးခဲ့ပါတယ်။

စစ်ကိုင်းခရိုင်၊ PDF တပ်ရင်း ၁ ဗိုလ်ဇာတ်လိုက်အဖွဲ့က ဒီနေ့မနက်ပိုင်း ၀က်လက်မြို့နယ်အတွင်းရှိ တောင်သူတွေကို စပါးကူညီရိတ်သိမ်းပေးခဲ့တာလို့ သိရပါတယ်။

၀က်လက်မြို့နယ်မှာ ၂၀၂၂ ခု ဇန်နဝါရီ ၁ ညနေပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ညနေ ၆ နာရီလော် Mi35 ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်း၊ ၀က်လက်၊ မြင်းမူ၊ အရာတော် မြို့နယ်တွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ စစ်ကြောင်းထိုးတာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် တောင်သူတွေ ရိတ်သိမ်းချိန်ရောက်နေပေမယ့် လယ်ယာလုပ်ငန်းဆောင်ရွက်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေရကြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်၊ ညနေပိုင်းက အရာတော်အရှေ့နယ် ဒုံဒစ်အုပ်စုမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခံရရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြန်လည်ပစ်ခတ်ရင်း ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို သယ်ယူပြီး ဆုတ်ခွာနေစဉ် အနီးရှိ ဒေသခံစပါးခင်းတွေထဲက ခြွေလှေ့ဖို့ ရိတ်သိမ်းစုပုံထားတဲ့ စပါးတွေကို အကြောင်းမဲ့  မီးတင်ရှို့သွားခဲ့တယ်လို့ အရာတော်မြို့နယ် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

Photo - MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up