ဆူဒန်သမ္မတအိမ်တော်သို့ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူများ ၁၂ ကြိမ်မြောက်ချီတက်

ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက သမ္မတအိမ်တော်ကို ၁၂ ကြိမ်မြောက် ချီတက်ခဲ့ပြီး လုံခြုံရေးတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။
စစ်တပ်က ခါတွန်မြို့ကို ဆက်သွယ်ထားတဲ့ တံတားတွေအားလုံး ပိတ်ဆို့ထားပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေလည်း ဖြတ်ထားပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က တနိုင်ငံလုံး ဆန္ဒပြခဲ့ပြီး ရဲတွေဖြိုခွဲမှုကြောင့် ခြောက်ဦးသေဆုံး၊ တစ်ရာကျော် ဒဏ်ရာရခဲ့တာပါ။
စစ်တပ်က ဝန်ကြီးချုပ် အဒူလာ ဟမ်းဒေါ့ခ်ကို အောက်တိုဘာ ၂၅ ရက်က ဖြုတ်ချပြီး ဒီဇင်ဘာလအစောပိုင်းမှာ ကြားဖြတ်အစိုးရပုံစံနဲ့ အာဏာပြန်အပ်ခဲ့ပေမဲ့ လူထုက စစ်တပ်ကို အယုံအကြည် မရှိပါဘူး။
ဆန္ဒပြသူတွေက နိုင်ငံအုပ်ချုပ်ရေးနဲ့ ရွေးကောက်ပွဲမှာ စစ်တပ် လုံးဝဝင်ရောက်မစွက်ဖက်ရေးကိုဘဲ ပြတ်ပြတ်သားသား တောင်းဆိုနေတာပါ။