ဖလော်ရီဒါရေလက်ကြား မျောနေသည့်လှေပေါ်မှ ရွှေ့ပြောင်း ၁၁၉ ဦးကို ကျူးဘားသို့ ပြန်လွှတ်

ဖလော်ရီဒါရေလက်ကြားမှာ သုံးရက်ကြာ မျောနေတဲ့ လှေတွေထဲ ကျူးဘားမှ ရွှေ့ပြောင်းအခြေချသူ ၁၁၉ ဦးကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ပြီး စားစရာရိက္ခာပေး ကျူးဘားကျွန်းဆီ ပြန်ခိုင်းခဲ့ပါတယ်။
ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ကျူးဘားဟာ ချမ်းသာတဲ့ အမေရိကန်ရဲ့ အိမ်နီးချင်းနိုင်ငံပါ။
ဆင်းရဲမွဲတေမှုကြောင့် ရွှေ့ပြောင်းအခြေချသူတွေက အန္တရာယ်များလှတဲ့ ပယ်လယ်ရေကြောင်းကို ဖြတ်ပြီး အမေရိကကို နှစ်စဉ် ရောက်ရှိလာပါတယ်။
လက်ရှိ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ကိုဗစ်ကပ်ဘေးကြောင့် ကျူးဘားရဲ့ စီးပွားရေး ကျဆင်းနေတာပါ။ ရွှေ့ပြောင်းအခြေချသူအရေတွက်က ပြီးခဲ့တဲ့လတွေမှာ ပိုမြင့်မားလာပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျူးဘားဒုက္ခသည်တွေဟာ လှိုင်းလေထံ ရေစီးမြန်တဲ့ ပင်လယ်ပြင်ကို ခနော်နီခနော်နဲ့ လှေတွေနဲ့ ဖြတ်ခဲ့လို့ အသက်များစွာ ဆုံးရှုံးခဲ့တာပါ။
အမေရိကန်ကမ်းခြေစောင့်တပ်က နှစ်စဉ် ကျူးဘားဒုက္ခသည် ၈၀၀ ကျော်ကို သူတို့တိုင်းပြည် ပြန်ပို့ခဲ့ပါတယ်။
တဖက်မှာလည်း ၂၀၂၁ အတွင်း အမေရိကန်နဲ့ မက္ကစီကို နယ်ကို ရောက်ရှိနေတဲ့ ကျူးဘား ဒုက္ခသည်အရေအတွက်ဟာ စံချိန်တင်များပြားလာပါတယ်။