ဆိုမာလီနိုင်ငံတွင် ကားဗုံးပေါက်ကွဲ၊ ၈ ဦးထက်မနည်းသေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက လေဆိပ်ကို ဦးတည်တဲ့ လမ်းပေါ်မှာ ဇန်နဝါရီ ၁၂ ရက်က ကားဗုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဒီဗုံးခွဲမှုအတွက် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘဲ အရင်က ဆိုမာလီနိုင်ငံမှာ အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် သူပုန်တွေကတော့ အလားတူ တိုက်ခိုက်မှုတွေကို သူတို့လက်ချက်အဖြစ် တာဝန်ခံဖူးပါတယ်။
ဒီအုပ်စုဟာ ဗဟိုအစိုးရကို ဖြုတ်ချပြီး အစ္စလာမ္မစ် ဥပဒေရဲ့ ပိုတင်းကြပ်တဲ့ပုံစံနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ရည်မှန်ထားပါတယ်။
လုံခြုံရေးနဲ့ အစိုးရပစ်မှတ်တွေကို သာမက အရပ်သားတွေကိုပါ သေနတ်တွေ ဗုံးတွေနဲ့ တိုက်ခိုက်တာ မကြာခဏ လုပ်လေ့ရှိပါတယ်။
အယ်လ်ရှာဘတ်အဖွဲ့ဟာ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ ဖူးပါတယ်။