လွတ်လပ်စွာ ကုန်သွယ်ရေးဆွေးနွေးပွဲ ဗြိတိန်နှင့်အိန္ဒိယ စတင်

ဗြိတိန်နဲ့ အိန္ဒိယအစိုးရတို့ဟာ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးပွဲတွေကို ဇန်နဝါရီ ၁၃ ရက်မှာ တရားဝင် စတင်လိုက်ပါတယ်။
ဒီနှစ်ကုန်ပိုင်းကစလို့ နှစ်စဉ် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုး ပေါင်စတာလင် ဘီလီယံချီ တိုးမြှင့်နိုင်ဖို့ သဘောတူညီချက်ရရှိရေး ရည်မှန်းထားတာပါ။
ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ် နိဂုံးမချုပ်ခင် လာမယ့် လနည်းနည်းအတွင်း အကန့်အသတ်ရှိတဲ့ ကြားဖြတ် ကုန်သွယ်ရေးသဘောတူညီချက်ကို စနိုင်မယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့ အစည်းအဝေးမှာ အိန္ဒိယကုန်သွယ်ရေးဝန်ကြီး နဲ့ဗြိတိန် ကုန်သွယ်ရေးဝန်ကြီးတို့က ပြောပါတယ်။
အိန္ဒိယအစိုးရဟာ ဗြိတိန်မှာ သူ့နိုင်ငံသားတွေ နေထိုင်အလုပ်လုပ်ဖို့ ပိုများတဲ့ အခွင့်အလမ်းတွေ အတွက် ကြိုးစားနေတာပါ။
ဘယ်လို ကုန်သွယ်ရေးသဘောတူညီချက်မဆို အိန္ဒိယကျောင်းသားတွေနဲ့ ပညာရှင်တွေ ဗြိတိန်ကို သွားဖို့ စည်းမျဉ်းနဲ့ ကုန်ကျစရိတ် လျော့ကျစေဖို့ ဆက်ဆောင်ရွက်နိုင်မှာပါ။
ဒါပေမယ့် နှစ်နိုင်ငံလုံးက ကုန်သွယ်ရေး သဘောတူညီချက်တွေအတွက် လိုအပ်တဲ့ အခြေအနေ တွေကို သတ်မှတ်ပေးမှာမဟုတ်တာကြောင့် ထိလွယ် ရှလွယ် ကိစ္စရပ်တွေအတွက် အဟန့်အတားဖြစ်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ကြွယ်ဝတဲ့ အိန္ဒိယလူလတ်တန်းစားတွေက ဗြိတိန်ရဲ့ အကောင်းစာ်ထုတ်ကုန်တွေကို ခံတွင်းတွေ့ ဖို့ကိုလည်း ဝန်ကြီးတွေက လိုလားနေတာပါ။
အိန္ဒိယဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာ လုပ်ငန်းအတွက် အကြီးစားဖောက်သည် ဖြစ်လာဖို့ သူတို့က မျှော်လင့်ထားပါတယ်။