ဗြိတိန်တွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူဦးရေ မြင့်တက်

ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု ကြောက်မက်ဖွယ်မြင့်တက်နေပြီး ဇန်နဝါရီ ၇ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိသူ ၁၇၈,၂၅၀ ဦး၊ သေဆုံးသူ ၂၂၉ ဦးနဲ့ ဇန်နဝါရီ ၈ ရက်မှာ ရောဂါပိုးရှိသူ ၁၄၆,၃၉၀ ဦးနဲ့ ၃၁၃ ဦးထိ ရှိခဲ့ပြီး စုစုပေါင်းသူ ၁၅၀,၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။
ဗြိတိန်ဟာ ပြီးခဲ့ရက်သတ္တပတ်တွေအတွင်း အိုမီခရွန်ဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ကူးစက်မှု မြင့်တက်လာနေတာပါ။ ဒါပေမဲ့ သေဆုံးသူအရေအတွက်က ယခင်ကူးစက်လှိုင်းတွေထက် လျော့နည်းပါသေးတယ်။
ဒီဇင်ဘာ နောက်ဆုံးအပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ ဒသမ ၂၂၇ သန်း ရှိပြီး သေဆုံးသူ ၁၂၇၁ ဦး ရှိခဲ့ပါတယ်။