close

ဂရိတွင် လူနာတင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သူ ဖမ်းဆီးရမိ

ဂရိနိုင်ငံမှာ လူနာတင်ယာဉ်ကားနဲ့ မူးယစ်ဆေးဝါး အပြည့်ထည့်ထားတဲ့အိတ်တွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းတဦးကို မနေ့က ဖမ်းဆီးမိခဲ့ပါတယ်။ 

အေသင်မြို့ ဆေးခန်းတခုမှာ အလုပ်လုပ်တဲ့ အသက် ၄၁  နှစ်ရှိ ယာဉ်မောင်းက အယ်လ်ဘေးနီးယား နယ်စပ်ဘက်ကနေ ပြည်တွင်းကို မောင်းဝင်လာပြီး  ဂရိနယ်စပ် အစ်ဂိုနီနစ်စတာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

လူနာတင်ယာဉ်ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဖြတ်လေ့ရှိတဲ့  နယ်စပ်လမ်းကို အသုံးပြုမောင်းလာတာကြောင့် နယ်စပ်ရဲက သံသယဖြစ်ပြီး စစ်ဆေးရှာဖွေခဲ့တာပါ။ 

ကားပေါ်မှာ ကီလိုဂရမ် ၃၂၀ ရှိတဲ့ ဆေးခြောက်အကြမ်း ၁၂၉ ထုပ် ထည့်ထားတဲ့ အိတ်ကြီး ၁၂၉ အိတ်နဲ့ ကိုကင်းဆေးပြားတွေကို ဖမ်းဆီးရမိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up