close

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့နှင့် အိုက်အက်စ် စစ်သွေးကြွများကြား တိုက်ပွဲပြင်းထန်

အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့  ဆီးရီယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တွေနဲ့ IS စစ်သွေးကြွအုပ်စုတွေကြား  ဇန်နဝါရီ ၂၂ ရက်က  တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်ရှိ စစ်သွေးကြွတွေကို ဖမ်းဆီးထားတဲ့ အကျဉ်းထောင်တခုကို IS တိုက်ခိုက်ရေးအုပ်စုတခုက ဝင်ရောက်တိုက်ခိုက်ပြီး သူတို့လူတွေ ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီနောက် SDF တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

အမေရိကန် ဦးဆောင်တဲ့ SDF တပ်ဖွဲ့တွေက အစ္စလာမ်စစ်သွေးကြွအုပ်စုကို အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ F-16 ဂျက်တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး တိုက်ခိုက် နှိမ်နင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up