close

တိုက်ပွဲပြင်းထန်

close

April 11, 2023

မြဝတီမြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြေနီကုန်းတံတားဦးဘက်ကကျေးရွာတွေကို  စစ်ကောင်စီတပ်က ဧပြီ ၁၁  ရက်မှာ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်  ရွာသားတွေ  တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၈ နာရီလောက်ကစတင်ပြီး မြဝတီမြို့အနီးတဝိုက်ကက ကျေးရွာတွေနားမှာ စစ်ကောင်စီတပ်ဩဇာခံ BGF ပူးပေါင်းတပ်တွေနဲ့  KNLA၊ PDF  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။

မြဝတီမြို့ခံတဦးက "တိုက်ပွဲတွေဖြစ်နေတာက ၃ ရက် ၄ ရက်လောက်ကတည်းက ကြာပြီဗျ။ ဒီနေ့မနက်ကတော့ ၈ နာရီကျော်လောက် မြဝတီအကျော်လေး၊ မြေနီကုန်းတံတားဦးဘက်ကို လေယာဥ်တွေနဲ့ပစ်နေတာ၊ အဲ့နေရာမှာက ပြည်သူတွေကြိုးကြားကြိုးကြားနေပါတယ်။ အဓိက တောင်ယာလုပ်တဲ့သူတွေပေါ့။ အခုတော့​ပြေးပြီ စစ်ဘေးရှောင်စခန်းတွေကိုတော့မဟုတ်ဘူး။ နီးစပ်ရာဘေးလွတ်တဲ့ နေရာတွေကိုပေါ့ မြဝတီလမ်းမကြီးကနေ ဘယ်ဘက်ကိုချိုးပြီး ဝင်သွားရတဲ့နေရာပါ။ အခုထိပစ်နေတာအိမ်တွေပါတုန်တယ်။ မြို့ထဲမှာတော့ လက်ရှိ ငြိမ်နေသေးတယ်"လို့ ပြောပါတယ်။

မြဝတီမြို့နယ်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စစ်ကောင်စီနဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်တွေနဲ့ KNU/KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၈ ဦးသေဆုံးပြီ ၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဧပြီ ၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က  ၈ ဦး သေဆုံးပြီး BGF ၁ ဦးနဲ့ သတင်းပေး ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။

ဧပြီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့  အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဧပြီ ၇ ရက်မှာ စစ်ကောင်စီနဲ့ BGFပူးပေါင်းတပ်တွေက မြဝတီကုန်သွယ်ရေးဇုန်အနီး မဲကနယ်ကျေးရွာကို အင်အားအလုံးအရင်းနဲ့ နေရာ(၃)နေရာကနေ  စစ်ကြောင်းထိုးဝင်လာခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ဧပြီ ၈ ရက်က စစ်ကောင်စီတပ်တွေဘက်မှ  လက်နက်ကြီးနဲ့ အကြိမ်  ၁၀၀ အထက်ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ မဲကနယ်ရွာကို ထပ်မံစစ်ကြောင်းထိုးခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်မှ ၁၁  ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့မှာလည်း စစ်တပ်က  လက်နက်ကြီးနဲ့  အကြိမ်ရေ ၈၀ လောက်   ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ကျော်စိုးစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ကော်ဘရာစစ်ကြောင်း၊ KNU/KNLA တပ်မဟာ(၆)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings တို့ကပူးပေါင်းပါဝင်ခဲ့ပါတယ်။

တိုက်ပွဲ ၆ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်ဖွဲ့ဝင်တွေဆီကနေ နင်းမိုင်း ၂ လုံး၊ ၆၀ မမ (၁) လုံး၊ ကပစ ကျည်တောင့် ၂၀၀ ၊ AK တလက်၊ ကျည်ပေါက် ၄ ပေါက်၊ လက်ပစ်ဗုံး ၄ လုံး၊ 40 mm (၂၀) လုံး ၊ 7.62 အတောင့် ၂၀၀ ၊ ကာဘိုင်ကျည် အတောင့်  ၂၄၀ ၊ ၅ ဒသမ ၅၆ MA ကျည် အတောင့် ၄၀၀ ၊ AK ကျည်ဆန် အတောင့် ၂၀၀ နဲ့ Huawei ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် ဧပြီ ၇ ရက်မှစပြီး ၂၁ ရက်အထိ မြဝတီမှ ကော့ကရိတ်အထိ အာရှလမ်းမကြီး လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ကြဖို့ မြေပြင်ပူးပေါင်းစစ်ကြောင်းတွေက သတိပေးထားပါတယ်။

ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း

29 mins Ago

ကေအန်ယူနယ်မြေတွင် တိုက်ပွဲပြင်းထန်၊ ၆ ရက်အတွင်း စစ်တပ်က ၃၀ ခန့်သေဟု ကော်ဘရာစစ်ကြောင်းပြော

ပြီးခဲ့တဲ့ ၆ ရက်တာအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အယောက် ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကနေ ၉ ရက်အထိ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ မြဝတီမြို့အနီးနေရာအ များအပြားကို ဖြန့်ကျက်နေရာယူကာ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နေတာလို့ ဆိုပါတယ်။

ဧပြီ ၄ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းကို သွားရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး BGF ၁ ယောက်နဲ့ သတင်းပေး ၂ ယောက်တို့ကို ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေဘက်က ၈ ယောက် သေဆုံးပြီး ခလရ(၁၀၂)မှ ဗိုလ်ကြီး ၁ ယောက်နဲ့ အခြားအဆင့် ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၃ ယောက် အဆက်သွယ်မရဘဲ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း ပျောက်နေခဲ့ပြီး နောက်တရက် ဧပြီ ၅ ရက်မှာတော့ ၁ ယောက်ပြန်လာနိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၅ ရက်မှာတော့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို နယ်မြေရှင်းလင်းခဲ့ချိန်မှာ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ၁ လုံး၊ ကပစကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဧပြီ ၆ ရက်မှာတော့ စစ်ကောင်စီဘက်ကနေ မဲကနယ်ရွာထဲကို လက်နက်ကြီးအကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနေအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဧပြီ ၇ ရက်ကတော့ စစ်ကောင်စီတပ်တွေနဲ့ BGF တွေဟာ မဲကနယ်ကျေးရွာကို အင်အား အလုံးအရင်းနဲ့ နေရာ ၃ နေရာကနေ စစ်ကြောင်းဝင်တိုးခဲ့လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ် ခတ်ချေမှုန်းခဲ့ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီး ခလရ(၂၀၇) 2IC ၁ ယောက်နဲ့ တခြားအဆင့် ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ် တော် လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရဲဘော် ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  Drone ၁ စီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက်မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၁၀၀ အထက် ပစ်ခတ်ခဲ့ကြပြီး အင်အားအလုံးအရင်းနဲ့ မဲကနယ်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးခဲ့ပြီး ခလရ (၂၀၇)ဗိုလ်ကြီး၊ ခလရ(၁၀၂) ဗိုလ်မှူး နဲ့ တခြားအဆင့် ၁၁ ယောက် ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် BGF ကျော်စိုး စခန်းကို တိုက်ခိုက်ခဲ့ချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဧပြီ ၉ ရက်ကတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးအကြိမ်ရေ ၈၀ လောက် ပစ်ကူနဲ့ စစ်ကြောင်းထိုးတက်လာချိန်မှာ နယ်မြေစိုးမိုးမှုယူထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စုတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က လ(၈) တပ်ရင်းမှူးနဲ့ တခြားအဆင့် ၅ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် BGF ကျော်စိုးစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှာတော့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ Drone ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ် တွေဘက်က AK ၁ လက်၊ ကျည်ပေါက် ၄ ပေါက်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ၂၀ လုံး ၊ 7.62 အတောင့် ၂၀၀၊ ကာဘိုင်ကျည် အတောင့် ၂၄၀၊ ၅.၅၆ MA ကျည် အတောင့် ၄၀၀၊ AK ကျည် အတောင့် ၂၀၀၊ ဖုန်း Huawei ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်နေမှုတွေကို ရရာနည်းလမ်းနဲ့ ခုခံတိုက်ခိုက်ဖို့ရာမှာလည်း လက်နက်ရိက္ခာလိုအပ်ချက်တွေ ရှိနေသလို တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက် ရေး မစ်ရှင်တွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ပြည်သူတွေဘက်က တတ်အားသမျှ ထောက်ပံ့ကူညီနိုင်ရေးဟာလည်း အရေးပါနေပါတယ်။

10 hours Ago

April 6, 2023

ရွှေကုက္ကိုတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၆၀၀၀ အထိ ရှိလာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့်  နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်ပေါင်း ၆၀၀၀ အထိ ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။

မြဝတီမြို့မြောက်ဘက် ရွေကုက္ကိုမြို့အနီး ထီးကြားရာရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ KNLA- PC ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ BGFတပ်တွေ မနေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေဘက်က ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦးကတော့ ကျဆုံးသွားသလို  BGFနဲ့ စစ်ကောင်စီတပ်တွေဘက်မှာတော့ တိုက်ပွဲဖြစ်နေရာမှာ အယောက်  ၃၀ ထက်မနည်းသေဆုံးသွားပြီး   မဲဆောက်ဆေးရုံကို ၃ ဦးပို့ဆောင်ထားရပါတယ်။ 

ဧပြီ  ၄ ရက်ကနေစတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားရာ ဒေသခံပြည်သူတွေ ထိုင်းနိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရတာပါ။ 

ရွှေကုက္ကိုမြို့သစ်မှာ မနေ့ မနက်ပိုင်းက စတင်ကာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို ထွက်ပြေးလာပြီး စစ်ဘေးရှောင်လာသူတွေကို ထိုင်းအစိုးရက တာ့်ခရိုင်၊  သက္ကယ၊ သဲပုံဂိတ်၊ ဟွေးကလုပ်နဲ့ ဝမ်ဖာကျေးရွာရှိ ရာဘာခြံတွေနဲ့ နွားမွေးမြူရေးခြံတွေမှာ ယာယီနေထိုင်ခွင့် ပြုထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာတွေက အဝတ်အစား၊ ပဲနို့၊ ထမင်းဘူးနဲ့ ရေသန့်ကတ်တွေကို တက်နိုင်သလောက် စုပေါင်းကူညီပေးနေရတယ်လို့ သိရပါတယ်။

5 days Ago
Up