close

ငဖဲမြို့နယ်က စစ်ကောင်စီအမြောက်တပ် တာဝေးပစ်စိန်ပြောင်းဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်က အမြောက်တပ်ကို ဇန်နဝါရေ ၂၃ ရက်နေ့မနက်ပိုင်းမှာ Tringle 3T PDF ကတာဝေးပစ်စိန်ပြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ကနေ ပြောပါတယ်။

ငဖဲမြို့နယ်အခြေစိုက် အမစ(၉၀၅) အမြှောက်တပ်ကို ဒီကနေ့မနက် ၇နာရီလောက်မှာ Tringle 3T PDF က တာဝေးပစ်စိန်ပြောင်းနဲ့ ၂ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Tringle 3T PDF ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

စစ်ကောင်စီရဲ့တပ်ထဲဖြစ်တာရယ်၊ အဝေးကနေ လှမ်းပစ်ရတာရယ်ကြောင့် ထိခိုက်သေဆုံးတဲ့ အခြေနေကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၈နာရီကျော်လောက်ကလည်း ငဖဲမြို့နယ်ထဲက ကပစ ၁၄ ကို စက်ရုံမလည်ပတ်နိုင်အောင် အဓိက လျှပ်စစ်ဓာတ်အားပေးပို့တဲ့လိုင်းတွေကို Tringle 3T PDF က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

ငဖဲမြို့နယ် ဂုတ်ကြီးရွာနဲ့ စပ်စီရွာကြားမှာလည်း ဇန်နဝါရီ ၁၀ ရက်နေ့က အမ်းမြို့ ဘက်ကနေ ပြန်လားတဲ့ စစ်ကောင်စီကား ၃ စီးကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် လွင့်ထွက်သွားပြီး ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစိန်ပြောင်း နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up