Apple ကုမ္ပဏီ ၃ လအတွင်း စံချိန်တင်အမြတ်ငွေ ဒေါ်လာ ၁၂၄ ဘီလီယံ ရရှိ

တကမ္ဘာလုံးမှာ computer chip ပြတ်လပ်မှုကြုံနေရပေမဲ့၊ Apple မာလ်တီနည်းပညာ ကုမ္ပဏီကြီးဟာ နှစ်သစ်ကူးကာလ အပါအဝင် ပြီးခဲ့တဲ့သုံးလပတ်အတွင်း ရောင်းအား စံချိန်တင် မြင့်မားခဲ့ပြီး အသားတင်အမြတ်ငွေ ဒေါ်လာ ၁၂၄ ဘီလီယံနီးပါး ရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
တကမ္ဘာလုံး ကိုဗစ်ကပ်ဘေးကြောင့် iPhone ထုတ်လုပ်တဲ့စက်ရုံတွေ ပိတ်ရမယ့်ပြဿနာကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုကိုလည်း တခြားပြိုင်ဘက် ကုမ္ပဏီတွေထက် သာလွန်အောင် စီမံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၆ နှစ်အတွင်း iPhone တွေဟာ တရုတ်မှာ ရောင်းအားအမြင့်ဆုံး ဖြစ်ခဲ့တာပါ။ Apple ကုမ္ပဏီဟာ ကွန်ပျူတာ၊ မိုလ်ဘိုင်း၊ တီဗီ၊ ဂီတ အပါအဝင် နည်းပညာပစ္စည်းပေါင်းစုံ တကမ္ဘာလုံးကို ရောင်းချနေပြီး၊ ပုံမှန် မှာယူအားပေးသူ subscriber သန်း ၈၀၀ နီးပါး ရှိနေတာပါ။
Apple ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံ တန်ကြေးရှိ ကမ္ဘာ့ပထမဆုံးကုမ္ပဏီ ဖြစ်လာပြီး ပြီးခဲ့တဲ့ ၁၆ လအတွင်း တန်ဖိုး ဒေါ်လာ ၁ ဘီလီယံ ခုန်တက်ခဲ့တာပါ။