close

အစ္စရေးသမ္မတ UAE နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်

အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ် တနင်္ဂနွေနေ့က အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) ကို ပထမဆုံးအကြိမ် အလည်သွားရောက်ခဲ့ပါတယ်။ 

အီရန်ရဲ့ နျူကလီးယားပြဿနာတင်းမာမှု လျော့ချဖို့ နိုင်ငံကြီးတွေ ကြိုးပမ်းနေချိန်မှာ အစ္စရေးက ပင်လယ်ကွေ့ဒေသ အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးချဲ့ဖို့ သွားရောက်ခဲ့တာပါ။

အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးက ဘာရိန်း၊ UAE နိုင်ငံတို့နဲ့ ပုံမှန်ဆက်ဆံရေး ထားရှိမယ့် "Abraham Accords" ခေါ် သဘောတူစာချုပ်ကို ၂၀၂၀ ခုနှစ်မှာ လက်မှတ်ရေးထိုင်းနိုင်ခဲ့ပါတယ်။ 

အစ္စရေးနဲ့ အဆိုပါပင်လယ်ကွေ့နှစ်နိုင်ငံဟာ အီရန်ရဲ့ နျူကလီးယားတည်ဆောက်လိုမှုကို အမြဲ စိုးရိမ်နေကြတာပါ။

အစ္စရေးသမ္မတ လာရောက်မှုမတိုင်ခင် ပြီးခဲ့တဲ့ဒီဇင်ဘာလက အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် UAE ကို သွားရောက်ခဲ့ပါတယ်။ အစ္စရေးသမ္မတကို UAE နိုင်ငံသမ္မတနဲ့ အစိုးရအဖွဲ့က ကြိုဆိုဧည့်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up