close

UAE

close

August 23, 2022

ယီမင်နိုင်ငံက ရေနံမြေအချို့ကို UAE နောက်ခံပေးထားသည့်လက်နက်ကိုင်အဖွဲ့ သိမ်းယူ

အာရပ်စော်ဘွားများပြည်ထောင်စု UAE  ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်နိုင်ငံထဲက လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ နိုင်ငံတောင်ပိုင်း ရှာဘွာခရိုင်နားက ရေနံမြေတချို့ကို  တခြားအုပ်စုဆီကနေ သိမ်းယူလိုက်ပါတယ်။ 

ယူအေအီးက ကျောထောက်နောက်ခံ ပေးထားတဲ့ Giants Brigade တပ်နဲ့ မဟာမိတ်တွေက ဩဂုတ် ၂၀ ရက်မှာ ရှာဘွာပြည်နယ်အတွင်း အာယက်ဇ်မြို့က ရေနံမြေအတွင်း ရုံးတွေကို သိမ်းယူ ခဲ့တယ်လို့ အစ္စလာမစ်အစ်လာပါတီကို သစ္စာခံတဲ့ တပ်တွေက ကြေညာချက် ထုတ်ပြန်ပြော ပါတယ်။

ပြည်တွင်း ပြိုင်ဘက်တွေက အဖွဲ့သစ်ကို တည်ထောင်ခဲ့လို့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ သမ္မတရုံးကောင်စီက သူတို့ရဲ့ တပ်တွေကို ပြန်ဆုတ်ဖို့ ဩဂုတ် ၂၁ ရက်မှာ အမိန့်ထုတ်ခဲ့ရပါတယ်။

ယီမင်နိုင်ငံအတွင်း အီရန်နဲ့ မိတ်ဖက် ဟူသီစစ်အုပ်စုကို တိုက်နေရတဲ့ မဟာမိတ်အဖွဲ့ကို ဆော်ဒီအာရေဗျ အစိုးရက အားဖြည့်ဖို့ ကြိုးစားနေလို့ ယီမင်သမ္မတ ရုံးကောင်စီရဲ့ ကံကြမ္မာက ဆော်ဒီအတွက် အရေးကြီးပါတယ်။

၇ နှစ်ကျော်တဲ့အထိ အချိန်ကြာလာနေပြီး ပိုကျယ်ပြန့်လာတဲ့ ပဋိပက္ခကို အပြီးသတ် အပစ်အခတ် ရပ်စဲဖို့ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေအတွက်လည်း ခုသိမ်းပိုက်မှုက အရေးပါနေပါတယ်။

ယီမင်ပဋိပက္ခအတွင်း လူထောင်သောင်းချီ သေဆုံးပြီး ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဖြစ်ခဲ့တာပါ။

3 mins Ago

January 31, 2022

အစ္စရေးသမ္မတ UAE နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်

အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ် တနင်္ဂနွေနေ့က အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) ကို ပထမဆုံးအကြိမ် အလည်သွားရောက်ခဲ့ပါတယ်။ 

အီရန်ရဲ့ နျူကလီးယားပြဿနာတင်းမာမှု လျော့ချဖို့ နိုင်ငံကြီးတွေ ကြိုးပမ်းနေချိန်မှာ အစ္စရေးက ပင်လယ်ကွေ့ဒေသ အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးချဲ့ဖို့ သွားရောက်ခဲ့တာပါ။

အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးက ဘာရိန်း၊ UAE နိုင်ငံတို့နဲ့ ပုံမှန်ဆက်ဆံရေး ထားရှိမယ့် "Abraham Accords" ခေါ် သဘောတူစာချုပ်ကို ၂၀၂၀ ခုနှစ်မှာ လက်မှတ်ရေးထိုင်းနိုင်ခဲ့ပါတယ်။ 

အစ္စရေးနဲ့ အဆိုပါပင်လယ်ကွေ့နှစ်နိုင်ငံဟာ အီရန်ရဲ့ နျူကလီးယားတည်ဆောက်လိုမှုကို အမြဲ စိုးရိမ်နေကြတာပါ။

အစ္စရေးသမ္မတ လာရောက်မှုမတိုင်ခင် ပြီးခဲ့တဲ့ဒီဇင်ဘာလက အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် UAE ကို သွားရောက်ခဲ့ပါတယ်။ အစ္စရေးသမ္မတကို UAE နိုင်ငံသမ္မတနဲ့ အစိုးရအဖွဲ့က ကြိုဆိုဧည့်ခံခဲ့ပါတယ်။

7 months Ago
Up