close

မကာအိုတွင် တရားမဝင် လောင်းကစားလုပ်ငန်းရှင် ၂ ဦး ဖမ်းဆီးခံရ

ကမ္ဘာ့အကြီးဆုံးလောင်းကစားအချက်အချာနေရာဖြစ်တဲ့ မကာအိုမှာ တရားမဝင် လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးခဝါချမှုစွဲချက်အတွက် မကာအိုရဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းလိုက်တယ်လို့ မကာအို ရဲတွေက ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

ဖမ်းဆီးခံထဲကအမျိုးသားတယောက်ဟာ တရားမဝင် လောင်းကစား စျေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းစုကြီးကို လည်ပတ်ဆောင်ရွက်နေသူ လောင်းကစားဘုရင် အဆင့် ၂ ရှိသူ ဖြစ်ပြီး ကျန်တဲ့သူက သူ့လက်ထောက်လို့ မကာအို ရဲတွေက သူတို့ရဲ့ တရားဝင် ဝီချတ်အကောင့်ကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။

သူတို့ နှစ်ယောက်လုံးရဲ့ နာမည်တွေကို ရဲက မကြေညာပါဘူး။ မကာအိုမှာရှိတဲ့ လောင်းကစား အပန်းဖြေစခန်းကို Macau Legend Development ကုမ္ပဏီက ပိုင်ဆိုင် လည်ပတ်နေပြီး အဲဒီကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ချန်ဝမ်လင်းကို ရဲတွေက ဖမ်းထားတယ်လို့ မကာအို စတော့အိတ်ချိန်းက ဇန်နဝါရီ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ခုလို ဖမ်းဆီးတာဟာ တရုတ်နိုင်ငံမှာ လောင်းကစားကို အရောင်းမြှင့်တက်နေတာကို လုံးလုံး သည်းမခံဘူးတဲ့ ခေတ်သစ်တခုကို မီးမောင်းထိုးပြတာလို့ အကဲခတ်တွေက ပြောပါတယ်။

ရန်ပုံငွေ စီးဆင်းမှု ဖြတ်တောက်ရေးအတွက် အရာရှိတွေက ကြိုးစားနေလို့ တရုတ်နိုင်ငံထဲမှာ လောင်းကစား ပုံစံအားလုံးကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up