close

မကာအို

close

July 12, 2022

ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရန် မကာအိုတွင် ကာစီနိုရုံများပိတ်

ကမ္ဘာ့အကြီးဆုံး လောင်းကစားစင်တာဖြစ်တဲ့ မကာအိုကျွန်းမှာ အဆိုးရွားဆုံးသော ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ဖို့    ဇူလိုင် ၁၁ ရက်မှာ  ကာစီနို လောင်းကစားရုံ အားလုံးကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ရပါတယ်။

လောင်းကစားရုံတွေ ယာယီပိတ်သိမ်းမှုကို အသိပေးတဲ့အနေနဲ့ လောင်းကစားရုံတွေရဲ့ အပြင်ဘက်မှာ ဆိုင်းဘုတ်တွေချိတ်ထားကာ  မြို့ထဲက ကာစီနိုလောင်းကစားရုံပေါင်း ၃၀ နဲ့ တခြားစီးပွားရေး လုပ်ငန်းတွေကိုလည်း သီတင်းပတ် တပတ်ကြာပိတ်ထားမှာပါ။

မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ခရီးတိုခရီးစဉ်တွေကို ခွင့်ပြုထားပေမယ့် လူတွေ အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

ရဲတပ်ဖွဲ့က လူတွေအသွားအလာကို စောင့်ကြည့်မှာဖြစ်ပြီး မနာခံသူတွေကို ပြစ်ဒဏ်တွေ အပြင်းအထန် ချမှတ်မယ်လို့ အစိုးရက ပြောခဲ့ပါတယ်။

မကာအိုမှာ ဇွန်လလယ်ကတည်းက လူပေါင်း  ၁,၅၀၀ လောက် ကိုဗစ်-၁၉  ကူးစက်ခံထားရပါတယ်။

ရောဂါဖြစ်ပွားမှုအားလုံးကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ တရုတ်ပြည်မကြီးအစိုးရရဲ့  "Zero-COVID" မူဝါဒကို မကာအိုအစိုးရက လိုက်နာနေတာကြောင့် လူပေါင်း ၁၉,၀၀၀ လောက်ကို ရောဂါခြေချုပ်နဲ့ မဖြစ်မနေ သီးသန့်ခွဲထားမှာလည်း ဖြစ်ပါတယ်။

5 mins Ago

February 1, 2022

မကာအိုတွင် တရားမဝင် လောင်းကစားလုပ်ငန်းရှင် ၂ ဦး ဖမ်းဆီးခံရ

ကမ္ဘာ့အကြီးဆုံးလောင်းကစားအချက်အချာနေရာဖြစ်တဲ့ မကာအိုမှာ တရားမဝင် လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးခဝါချမှုစွဲချက်အတွက် မကာအိုရဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းလိုက်တယ်လို့ မကာအို ရဲတွေက ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

ဖမ်းဆီးခံထဲကအမျိုးသားတယောက်ဟာ တရားမဝင် လောင်းကစား စျေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းစုကြီးကို လည်ပတ်ဆောင်ရွက်နေသူ လောင်းကစားဘုရင် အဆင့် ၂ ရှိသူ ဖြစ်ပြီး ကျန်တဲ့သူက သူ့လက်ထောက်လို့ မကာအို ရဲတွေက သူတို့ရဲ့ တရားဝင် ဝီချတ်အကောင့်ကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။

သူတို့ နှစ်ယောက်လုံးရဲ့ နာမည်တွေကို ရဲက မကြေညာပါဘူး။ မကာအိုမှာရှိတဲ့ လောင်းကစား အပန်းဖြေစခန်းကို Macau Legend Development ကုမ္ပဏီက ပိုင်ဆိုင် လည်ပတ်နေပြီး အဲဒီကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ချန်ဝမ်လင်းကို ရဲတွေက ဖမ်းထားတယ်လို့ မကာအို စတော့အိတ်ချိန်းက ဇန်နဝါရီ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ခုလို ဖမ်းဆီးတာဟာ တရုတ်နိုင်ငံမှာ လောင်းကစားကို အရောင်းမြှင့်တက်နေတာကို လုံးလုံး သည်းမခံဘူးတဲ့ ခေတ်သစ်တခုကို မီးမောင်းထိုးပြတာလို့ အကဲခတ်တွေက ပြောပါတယ်။

ရန်ပုံငွေ စီးဆင်းမှု ဖြတ်တောက်ရေးအတွက် အရာရှိတွေက ကြိုးစားနေလို့ တရုတ်နိုင်ငံထဲမှာ လောင်းကစား ပုံစံအားလုံးကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

5 months Ago
Up