close

မန္တလေးကျုံးဘေးတွင် ဗုံးပေါက်ကွဲ

စစ်အာဏာသိမ်း ၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁  ရက် မနက် ၇  နာရီဝန်းကျင်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး ၁၂ လမ်း ၊ ၇၆ လမ်း နဲ့ ၇၇ လမ်းကြားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

အဝေးထိန်း လက်လုပ်မိုင်းပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း၊ ၅၅ လမ်းနဲ့ ၅၆ လမ်းကြား တံတားဖြူတံတားပေါ်မှာလည်း မနက် ၈ နာရီဝန်းကျင်က မပေါက်ကွဲသေးတဲ့ ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။

“မနက်ကတော့ မနော်ဟရီလမ်းပေါ် ၅၅ လမ်းကနေ ၅၇ လမ်းအထိ လမ်းပိတ်ထားတာ။ ဖြတ်မယ့်သူတွေလည်း ပြန်လှည့်ခိုင်းတယ်။ အခုတော့ ရှင်းပြီးပြီထင်တယ်။” လို့ ချမ်းမြသာစည်မြို့နယ်နေ ပြည်သူတဦး က ပြောပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်ကို ဟန့်တားဖို့  စစ်ကောင်စီက ဈေးဆိုင်တွေ ဖိအားပေးဖွင့်ခိုင်းပေမယ့် လမ်းတွေမှာ လူမစည်ဘဲ ဖြစ်နေပြီး အသံတိတ်သပိတ်မှာ ပြည်သူအများပါဝင်ကြကာ လမ်းတွေပေါ်မှာ လူရှင်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up