close

တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဖမ်းဆီးရန် ထိုင်းမြင်းတပ် လေ့ကျင့်

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ကရင်ပြည်နယ်အပါအဝင် တခြားပြည်နယ်တွေကနေ မြဝတီမြို့ရှိ သောင်ရင်းမြစ်ကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးနိုင်ဖို့ ဖေဖော်ဝါရီ ၂ ရက်မှာ ထိုင်းလုံခြုံရေးစစ်တပ်က မြင်းစီးကင်းလှည့် လေ့ကျင့်နေကြပါတယ်။

ထိုင်းမြင်းတပ်ဟာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေ၊ မူးယစ်ဆေး သယ်ဆောင်သူတွေနဲ့  တရားမဝင်လက်နက်တွေကို တားဆီး နှိမ်နင်းသွားမယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုနဲ့ အလုပ်အကိုင်တွေ ရှားပါးလာပြီး မိသားစုစားဝတ်နေရေး အဆင်မပြေကြတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တစ်ဦးကို ထိုင်းဘတ်ငွေ ၂၀,၀၀၀ ကနေ ၂၅၀၀၀ အထိ ပေးပြီး ဝင်ရောက်နေကြကာ နေ့စဉ်လိုလို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာလည်း ခံနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up