close

ရွှေ့ပြောင်းမြန်မာလုပ်သား

close

October 3, 2022

ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အယောက် ၄၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်မှာ အောက်တိုဘာ ၂ ရက်က နယ်စပ် လုံခြုံရေးတပ်ဖွဲ့တွေဟာ  မြန်မာနယ်စပ် နှစ်နေရာကနေ တရားမဝင်အလုပ်သမား အမျိုးသား ၁၃ ယောက် အမျိုးသမီး ၇ ယောက်နဲ့ လမ်းပြ ၃ ယောက်တို့ကို  ဖမ်းဆီးရမိခဲ့တယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား အယောက် ၂၀ ဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကနေ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ လယောင်းနဲ့ ကန်ကျနပူရီမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အလားတူ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာလည်း မလေးရှားသွားမယ့် ချင်းပြည်နယ်သား ၂၁ ယောက် အဖမ်းခံရတယ်လို့ ချွန်းဖွန်းဒေသသတင်းအရ သိရပါတယ်။ 

သူတို့ထဲမှာ ကျား ၁၂ ဦး ၊ မ ၇ ဦး နဲ့ ကလေး ၂ ယောက်ပါလာပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နယ်စပ်တောလမ်းကနေတဆင့် ထိုင်းထဲဝင်လာခဲ့ကြောင်း၊ မလေးရှားကိုဆက်သွားဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၀၀၀၀ ပေးခဲ့ရပြီး စမွတ်စခွန်းခရိုင် မဟာချိုင်မှာ ခနနားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် အောက်တိုဘာ ၂ ရက်မှာ ကား ၁ စီးက သူတို့ကိုလာခေါ်ပြီး ချွန်းဖွန်းခရိုင် ဆဝီမြို့နယ်ရှိ တောတွင်းတနေရာမှာ လာထားခဲ့စဉ် လုံခြုံရေးအဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့ သတင်းမှာ ဖော်ပြသွားပါတယ်။

11 mins Ago

May 24, 2022

ထိုင်းနိုင်ငံ လိုဏ်ဂူအတွင်း တရားမဝင် ရွေ့ပြောင်းမြန်မာလုပ်သား ၂၅ ဦး ဖမ်းဆီးခံရ

မြန်မာ- ထိုင်းနယ်စပ်၊ တာခ်ခရိုင်၊ တာဆောင်ယမ်းမြို့နယ်၊ လိုဏ်ဂူတလုံးမှာ ခိုအောင်းနေတဲ့ တရားမဝင်  ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၅ ယောက်ကို လူကုန်ကူးတဲ့ ထိုင်းနိုင်ငံသား ၃ ယောက်နဲ့အတူ မေလ ၂၄ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ပါတယ်။

နယ်စပ်သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်တို့ကို   မဲ့ဝေဖိုးခီးရွာ၊ ရပ်ကွက် ၄ ရှိ လိုဏ်ဂူတခု အတွင်းပိုင်းမှာထားရှိရာ ထိုင်းအာဏာတွေက သတင်းရရှိတဲ့အတွက် သွားရောက်ရှာဖွေပြီး  ဖမ်းဆီးလိုက်တာပါ။ 

ဖမ်းဆီးခံရတဲ့ တရားမဝင်မြန်မာအလုပ်သမားတွေနဲ့အတူ  လူကုန်ကူးသူ ထိုင်းလူမျိုး ၃ ယောက်နဲ့ မော်တော်ကား ၃ စီး၊ ဆိုင်ကယ် ၁ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ထိုင်းလူမျိုး ၃ ယောက်ထဲမှာ အရင်က လူအယောက် ၅၀ လောက်ကို လူကုန်ကူးခဲ့ဖူးသူ တယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အခု ဖမ်းဆီးရမိထားသူတွေကိုတော့ တာဆောင်ယမ်းမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးပြီး ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူသွားဖို့ရှိပါတယ်။

4 months Ago
Up