close

ရုရှားနဲ့တရုတ်တို့ကို တုံ့ပြန်ရန် လစ်သူအေးနီးယား နိုင်ငံခြားရေးဝန်ကြီးပြော


ရုရှားနဲ့တရုတ်တို့ကို တုံ့ပြန်ဖို့ ကမ္ဘာ့နိုင်ငံတွေဟာ ဆက်ဆံရေးနဲ့ စည်းမျဉ်းတွေ အားဖြည့်ဖို့ လိုအပ်တယ်လို့ လစ်သူအေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂယ်ဘရီလယ်ရီးယပ်စ် လန်းစ်ဘားဂတ်စ်က ဩစတြေးလျနိုင်ငံကိုရောက်ရှိစဉ် ဖေဖော်ဝါရီ ၉ရက်က ပြောပါတယ်။
ဩစတြေးလျနိုင်ငံ ကင်ဘာရာမှာ သံရုံးဖွင့်ခဲ့တဲ့ လန်းစ်ဘားဂတ်စ်က ကုန်သွယ်ရေးအမှုမှာ ကျောထောက်နောက်ခံပေးခဲ့တဲ့ ဩစတြေးလျ အစိုးရကိုကြိုဆိုတယ်လို့လည်း ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ အတွင်းပြောခဲ့ပါတယ်။
လစ်သူအေးနီးယားနိုင်ငံရဲ့ မြို့တော်ဗေးလ်နီးယပ်စ်မှာ ထိုင်ဝမ်သံရုံးဖွင့်ဖို့ ခွင့်ပြုအပြီး တရုတ်က လစ်သူအေးနီးယားနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခဲ့တဲ့အပြင် လစ်သူအေးနီးယားနဲ့ အဆက်အဆံဖြတ်ဖို့ နိုင်ငံပေါင်းစုံကို ဖိအားပေးခဲ့ပါတယ်။
ဒါကြောင့် တရုတ်က ဥရောပသမဂ္ဂရဲ့ စျေးကွက်ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေတယ်လို့ ပြောရင်း တရုတ်က လစ်သူအေးနီးယား နိုင်ငံအပေါ် ခွဲခြားဖိနှိပ်တဲ့ ကုန်သွယ်ရေး အလေ့အကျင့်ကို ကျင့်သုံးနေတယ်လို့ ဥရောပ သမဂ္ဂ (EU)က ပြောဆို စွပ်စွဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up