အကျော်ကြားဆုံး လူငယ်ကြယ်ပွင့်ကစားသမား ၅၀ စာရင်း Four Four Two မဂ္ဂဇင်း ထုတ်ပြန်

163
ဗြိတိန်အခြေစိုက် Four Four Two မဂ္ဂဇင်းက ထုတ်ပြန်တဲ့ အကျော်ကြားဆုံး လူငယ်ကြယ်ပွင့် ကစားသမား အယောက် ၅၀ စာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ အဆင့် ၆ ဆင့် ကျဆင်းသွားပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ကာမာဗင်ဂါဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပေမဲ့လည်း အခုရာသီမှာ အဆင့် ၁၃ နေရာကို ကျဆင်းသွားခဲ့တာပါ။
လက်ရှိအချိန်မှာ လာလီဂါပရိသတ်တွေက ကာမာဗင်ဂါကို ဘာစီလိုနာကွင်းလယ်ကစားသမား ဂါဗီနဲ့ နှိုင်းယှဉ်အကဲဖြတ်တာတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။