close

လူငယ်ကြယ်ပွင့်ကစားသမား

close

February 22, 2022

အကျော်ကြားဆုံး လူငယ်ကြယ်ပွင့်ကစားသမား ၅၀ စာရင်း Four Four Two မဂ္ဂဇင်း ထုတ်ပြန်

ဗြိတိန်အခြေစိုက် Four Four Two မဂ္ဂဇင်းက ထုတ်ပြန်တဲ့ အကျော်ကြားဆုံး လူငယ်ကြယ်ပွင့် ကစားသမား အယောက် ၅၀ စာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ အဆင့် ၆ ဆင့် ကျဆင်းသွားပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ ကာမာဗင်ဂါဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပေမဲ့လည်း အခုရာသီမှာ အဆင့် ၁၃ နေရာကို ကျဆင်းသွားခဲ့တာပါ။

လက်ရှိအချိန်မှာ လာလီဂါပရိသတ်တွေက ကာမာဗင်ဂါကို ဘာစီလိုနာကွင်းလယ်ကစားသမား ဂါဗီနဲ့  နှိုင်းယှဉ်အကဲဖြတ်တာတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

2 mins Ago
Up