close

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF ၁ ဦးကျဆုံး၊ ရွာသား ၂ ဦး ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကရင်နီ KNDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး  ၆ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၂ ရက်က  ကရင်နီပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်  နန်းမယ်ခုံကျေးရွာအနီး ဆင်မတောင်အနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ မနေ့ ၁ နာရီလောက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF တပ်ရင်း ၅ က တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ရပြီး  ၆ ဦး ဒဏ်ရာရှိခဲ့ကာ ကျဆုံးသွားတာလို့  တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အဲဒီဆင်မတောင် ဟန်သောခူ အဲဒီရွာနားလေးမှာ ကျနော်တို့ကို လေယာဉ်နဲ့ လာကြဲသွားတာ။ လာကြဲပြီးတော့မှ ကျနော်တို့ တပ်သားတယောက် ကျသွားတယ်။ ကျနော်တို့ အခုထိသူ့ရဲ့ အလောင်းကောက်လို့ မရသေးဘူး။”

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးက အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့မှာလည်း မိုးဗြဲကနေဆင့် ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ဆက်လက်တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီမနက် ၈ နာရီဝန်းကျင်လောက်က   မိုးဗြဲမြို့ အခြေစိုက် (၄၂၂)တပ်က ဖယ်ခုံမြို့နယ်ရှိ ကဖုရွာကို လက်နက်ကြီးနဲ့ ၆ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ကဖုကျေးရွာနေ အသက်  ၇၂ အရွယ် ဦးအန်းဂျေလိုနဲ့ အသက် ၁၄ နှစ်အရွယ် မကယ်ရိုမင်း ထိခိုက်ဒဏ်ရာရတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖယ်ခံအရှေ့ဘက်ခြမ်းမှာရှိတဲ့ နန်းစံခမ်းရွာကို ဒီကနေ့ မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကဆီကနေ သိရပါတယ်။

ရှမ်းကယားနယ်စပ်  မိုးဗြဲမှာ တိုက်ပွဲရက်ဆက်ဖြစ်ပွာနေတာ တပတ်ရှိနေပြီဖြစ်ပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီရက်ပိုင်းမှာတော့  မိုးဗြဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီတိုက်ပွဲကြောင် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်နေကြတဲ့ ပြည်သူဟာ နေရာ ထပ်မံရွှေ့ပြောင်းနေကြရပြီး အရေးအပေါ် စားဝတ်နေရေးနဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up