ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲကျင်းပ

ဆော်ဒီအာရေဗျနိုင်ငံဟာ လွန်ခဲ့တဲ့နှစ် ၃၀၀ နီးပါးက နိုင်ငံတည်ထောင်ခဲ့တဲ့ အထိမ်းအမှတ် ပထမဆုံးအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။
ကျင်းပမယ့်ရက်ကိုတော့ အင်မတန်ရှေးဆန်တဲ့ အစ္စလာမစ်ကျောင်း ဝါဟာဘီက ဘာသာရေးဆရာတွေက အဓိက ရွေးချယ်ခဲ့တာပါ။
ဆော်ဒီရဲ့ ခေတ်သစ်သမိုင်းနဲ့ ပတ်သက်လို့ အစိုးရက ဂီတဖျော်ဖြေပွဲတွေ အပါအဝင် ပွဲစဉ်တွေ တန်းစီ ကျင်းပခဲ့တာပါ။ မြို့တော်ရိယာ့ဒ်မှာရှိတဲ့ ဆော်ဒီအာရေဗျ အမျိုးသားပြတိုက်မှာလည်း အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်ကို နိုင်ငံတည်ထောင်ခြင်းနေ့ အဖြစ်ရော တရားဝင်အားလပ်ရက်အဖြစ်ပါ အရင်လက တော်ဝင်အမိန့် ထုတ်ပြန်ကြေညာခဲ့တာပါ။
ရိယာ့ဒ်မြို့တော် အနောက်မြောက်စွန်းမှာရှိတဲ့ ဝေးလံသီခေါင်တဲ့ မြို့လေးဒိရိယာကို သိမ်းယူအပြီး ၁၇၂၇ ခုနှစ်မှာ ပထမဆုံး ဆော်ဒီနိုင်ငံကို တည်ထောင်ခဲ့သူ အီမန်မိုဟမ်မဒ် ဘင်ဆော့ဒ်ရဲ့ နန်းသက်စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံဟာ ၁၉၂၅ ခုနှစ်က အစ္စလမ်ဘာသာရဲ့ မြင့်မြတ်တဲ့နေရာ ၂ ခုဖြစ်တဲ့ မက်ကာနဲ့ မေဒီနာမြို့တွေကို သိမ်းပိုက်ပြီး ဟီဂျက်ဇ်ဒေသက ပြိုင်ဘက်တိုင်းရင်းသားတွေကို အယ်လ်ဆော့ဒ်က အောင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ အမျိုးသားနေ့ကို စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့ပြီးပါပြီ။ ၁၉၃၂ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံဆိုတဲ့ နာမည်ကို တရားဝင် မှည့်ခေါ်ခဲ့ပါတယ်။