close

ယူကရိန်းဒေသခံများ ဒေသန္တရဆေးရုံများတွင် သွေးလှူဒါန်းသူများပြား

ယူကရိန်းနိုင်ငံ ခါရ်ခိဗ်မြို့က ရာချီတဲ့ ဒေသခံတွေ ဒေသန္တရဆေးရုံမှာ သွေးလှူဖို့ ဖေဖော်ဝါရီ ၂၄ ရက်က တန်းစီ စောင့်ဆိုင်းနေကြပြီး လူအယောက် ၂၀၀ လောက် သွေးလှူပြီးပြီလို့ သိရပါတယ်။

ခြွင်းချက်အခြေအနေတွေအတွက် အရန်အဆင်သင့် ဖြစ်အောင်လို့ သွေးလှူမယ့်သူတွေ အများကြီး ရှိသေးတယ်လို့ သွေးဌာနအကြီးအကဲ ယူရီယီ ဗာခိုဗန်ကိုက ပြောပါတယ်။

ထပ်ရောက်လာတဲ့ သွေးအလှူတွေကို ဆေးရုံ အရန်သွေးဘဏ်ထဲ ထပ်ဖြည့်နေပေမယ့် လုံလောက်မလားဆိုတာကိုတော့ အခုမပြောနိုင်သေးဘူးလို့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အရန်ဌာန သူနာပြုချုပ်က ပြောပါတယ်။ 

ရုရှားစစ်တပ်တွေဟာ ယူကရိန်းနိုင်ငံထဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကြည်း ရေ လေ တပ်ပေါင်းစုံနဲ့ ဝင်ရောက် ကျူးကျော်ခဲ့တာပါ။

ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ တနိုင်ငံက တနိုင်ငံကို အကြီးဆုံး ဝင်ရောက် တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up