close

စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံသား ၅ သန်း ပြည်ပသို့ ထွက်နိုင်ဟု ကုလ ခန့်မှန်း

ရုရှားတို့ ကျူးကျော်ဝင်ရောက်ပြီးနောက် ယူကရိန်းရဲ့ ဒေသအတော်များများမှာ လောင်စာဆီ၊ ငွေကြေးနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီး၊ လူပေါင်း ၅ သန်းလောက်  နိုင်ငံခြားထွက်ခွာသွားနိုင်တယ်လို့ ကုလသမဂ္ဂအကူညီပေးရေး အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားတပ်တွေ စတင်ထိုးစစ်ဆင်လာချိန်မှာ လူ ၁ သန်းကျော် ယူကရိန်းကနေ ထွက်ခွာသွားခဲ့ပါပြီ။ 

နောက်ထပ် ထောင်သောင်းချီပြီး အိမ်နီးချင်း ပိုလန်၊ ရိုမေးနီးယား၊ မော်လ်ဒိုဗာ နိုင်ငံတွေကို နေ့စဉ်ဝင်ရောက်နေကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီနဲ့ UNICEF တို့က ထုတ်ပြန်ပါတယ်။

UNICEF အဖွဲ့ ဥရောပဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အက်ဖ်ရှန်ခန်က ပိုလန်ကို ယူကရိန်းဒုက္ခသည် ၁ သန်းနဲ့ ၃ သန်းကြား ရောက်လာဖို့ မျှော်လင့်ထားပြီး တခြားအိမ်နီးချင်းနိုင်ငံတွေကို ၁ သန်းနဲ့ ၅ သန်းကြား ရောက်ဖို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ အကူညီပေးရေးဆိုင်ရာအကြီးအကဲ မာတင်ဂရစ်ဖစ်က ယူကရိန်းကို အရေးပေါ် အကူအညီအတွက် သုံးလအတွင်း ဒေါ်လာ  ၁ ဘီလီယံ သုံးစွဲမယ်လို့ ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up