close

မဲဆောက်တွင် တရားမဝင် မြန်မာအယောက် ၄၀ ဖမ်းဆီးခံရ

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၀ ဖမ်းဆီးခံရတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ် အမှတ် ၁၄  တပ်ရင်းလက်အောက်ခံတပ်ဖွဲ့ဟာ ဒီနေ့မနက်အစောပိုင်းက မဲဆောက်မြို့နယ် မယ်တောင်းကျေးရွာအုပ်စုထဲမှာ နယ်မြေလုံခြုံရေး စောင့်ကြပ်စဉ် ဘန့်ဒွန်းချိုင်းရွာဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား  ၂၈ ဦး၊ အမျိုးသမီး ၁၂ ဦး ပေါင်း ၄၀ ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေအားလုံးကို ATK စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးပြီး လဝက ဥပဒေနဲ့ဆက်လက်အရေးယူဖို့ မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့ကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူပြီး နယ်စပ်ဂိတ်ပေါက်ကနေတဆင့် မြန်မာ အာဏာပိုင်တွေလက်ထဲ ပြန်အပ်နေရာမှာ ဖေဖော်ဝါရီ ၂၆ မှာ နောက်ထပ် ၁၉၇ ဦး ပြန်ပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၆၃၇၉ ဦးရှိတယ်လို့  မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up