close

စစ်ရှောင် ယူကရိန်းကလေးငယ်များ ပရီးမီးယားလိဂ်ကလပ်များတွင် လေ့ကျင့်ခွင့်ရမည်

ယူကရိန်းကနေ  စစ်ဘေးရှောင်လာကြမယ့် ကလေးငယ်တွေကို ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အကယ်ဒမီတွေက လေ့ကျင့်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ 

အဲဒီကိစ္စကို ယူကရိန်းဂန္ထဝင် တိုက်စစ်မှူးဖြစ်သူ ရှက်ဖ်ချင်ကိုက ကူညီပေးနေပြီး ပရီးမီးယားလိဂ်ကလပ်တွေနဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ 

ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်စစ် ဆင်နွှဲနေတာကြောင့် လူ ၁.၃ သန်းလောက်က အိမ်နီးချင်း ပိုလန်နဲ့ရိုမေးနီးယားနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ယူကရိန်း ကလေးငယ်တွေအနေနဲ့ နိုင်ငံအနောက်ပိုင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နိုင်သလို တခြား နိုင်ငံက နယ်နိမိတ်တွေမှာလည်း သွားရောက် လေ့ကျင့်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရှက်ဖ်ချင်ကိုက ပြောပါတယ်။

“ယူကရိန်းကလေးငယ်တွေကို ပရီးမီးယားလိဂ်ကလပ်တွေက အကယ်ဒမီတွေမှာ လေ့ကျင့်ဖို့အတွက် ကလပ်တွေဘက်က လက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။ စာရွက်စာတမ်းတွေနဲ့ လိုအပ်တာတွေကို အပြီးသတ်ဆွေးနွေးပြီးရင် ခွင့်ပြုချက်လိုပါတယ်။ ဒီကိစ္စအမြန်ဆုံးပြီးစီးအောင်  ကြိုးစားသွားမယ်။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်နဲ့လည်း အမြဲတမ်းအဆက်အသွယ်ရှိနေတယ်။ အားလုံး လုပ်ဆောင်ပြီးရင် ယူကရိန်းမြို့တွေကနေ ထွက်ခွာချင်တဲ့ ကလေးတွေအနေနဲ့ နိုင်ငံအနောက်ပိုင်း  ဒါမှမဟုတ် တခြားနိုင်ငံတွေမှာ လေ့ကျင့်နိုင်မှာဖြစ်တယ်။” 

ပရီးမီးယားလိဂ်ကလပ်တွေဟာ ပွဲမစခင်မှာ လက်ခုပ်တီးပြီး ယူကရိန်းနိုင်ငံကို အားပေးခဲ့ကြသလို စစ်ပွဲရပ်ဆိုတဲ့ ပိုစတာတွေနဲ့ အသင်းဂျာစီတွေမှာလည်း ယူကရိန်းကို ထောက်ခံအားပေးတဲ့ လူပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up