close

ပရီးမီးယားလိဂ်ကလပ်

close

October 14, 2022

ပရီးမီးယားလိဂ်ကလပ်၂ သင်း၏ ကမ်းလှမ်းချက်ကို နည်းပြတူချယ် ပယ်ချ

ချဲလ်ဆီးနည်းပြဟောင်းတူချယ်ဟာ ပရီးမီးယားလိဂ်ကလပ် ၂ သင်းရဲ့ကမ်းလှမ်းချက်တွေကို လက်ခံရရှိခဲ့ပေမဲ့ ပယ်ချခဲ့တယ်လို့သိရပါတယ်။

ဂျာမန်နည်းပြတူချယ်ဟာ ပြီးခဲ့တဲ့လပိုင်းက ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ အဲဒီနောက် တလအတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ်နှစ်သင်းရဲ့ ကမ်းလှမ်းမှုခံခဲ့ရတာဖြစ်ပြီး တူချယ်က ပယ်ချခဲ့တာလို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

တူချယ်ကို နည်းပြခန့်အပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ ၂ သင်းကိုတော့ အမည်ထုတ်ဖော်ပြောပြနိုင်ခြင်း မရှိခဲ့ပါဘူး။

ဂျာမန်သတင်းစာ BILD ကတော့ နည်းပြတူချယ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြနေရာ လစ်လပ်နေမယ်ဆိုရင် အစားထိုးကိုင်တွယ်ခွင့်ရနိုင်ကြောင်း သုံးသပ်ရေးသားခဲ့ပါတယ်။ 

3 hours Ago

September 11, 2022

ပရီးမီးယားလိဂ်ကလပ်များ ငွေသုံးကြမ်းခဲ့သည့်ကိစ္စ UEFA ထံ လာလီဂါဥက္ကဋ္ဌ တိုင်ကြားမည်

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး စပိန်လာလီဂါဥက္ကဋ္ဌက ယူအီးအက်ဖ်အေဆီ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်ကလပ်တွေဟာ  ကစားသမား အပြောင်းအရွှေ့တွေအတွက် စတာလင်ပေါင် ၂ ဘီလီယံနီးပါးအထိ အသုံးပြုခဲ့ကြတာပါ။ လာလီဂါကလပ်တွေကတော့ စုစုပေါင်း ပေါင် ၄၀၄ သန်းသာအသုံးပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုဟာ ဥရောပဘောလုံးလောကကို ရေရှည်ရပ်တည်နိုင်ဖို့ အန္တရာယ်ရှိနေကြောင်း လာလီဂါဥက္ကဋ္ဌ ယာဗီယာတီဗက်စ်က ပြောပါတယ်။

ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းလို ကလပ်အသင်းပိုင်ရှင်တွေရဲ့ ငွေကြေးတွေထဲကနေ ပြန်လည်စီးဆင်တာမျိုးတွေရှိကြောင်း တီဗက်စ်ကပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ငွေသုံးကြမ်းခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ဆီကို တိုင်ကြားသွားမယ်လို့ လာလီဂါဥက္ကဋ္ဌ တီဗက်စ်ကပြော သွားပါတယ်။ 

1 month Ago
Up