ဆော်ဒီနိုင်ငံတွင် ပြင်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁ ဘီလီယံ ရရှိ

ဆော်ဒီအာရေဗျနိုင်ငံက စက်မှုကဏ္ဍနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၂၁ ဒသမ ၆ သန်း ပြည်ပရင်းနှီးမြှုပ်နှံမှု ရရှိခဲ့တယ်လို့ ဆော်ဒီစက်မှုဝန်ကြီးက ပြောပါတယ်။
ဆော်ဒီဘုရင့်နိုင်ငံဟာ ရေနံစီးပွားရေးအပေါ် မှီခိုမှု လျှော့ချပြီး Vision 2030 စက်မှု စီမံကိန်းသစ်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နေတာပါ။
ဒါပေမဲ့ ဆော်ဒီမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု၊ ဗျူရိုကရေစီကြိုးနီစနစ်တွေနဲ့ နည်းပညာ စိန်ခေါ်မှု တွေကို ရင်ဆိုင်နေဆဲပါ။
ဝန်ကြီး ဘန်ဒါ အယ်လ် ခိုရာယက်ဖ်က စက်မှုကဏ္ဍမှာ တိုးတက်မှုရှိနေပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆော်ဒီလုပ်ငန်းတွေနဲ့ ကမ္ဘာ့ထိပ်တန်းလေကြောင်းလုပ်ငန်းနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ဖက်စပ်လုပ်ကိုင်မှု ရှိနေတယ်လို့ ပြောပါတယ်။
ဆော်ဒီဘုရင့်နိုင်ငံအနေနဲ့ ရေနံစီးပွားရေးကို လျှော့ချပြီး လာမယ့်နှစ်တွေအတွင်း စက်မှုနဲ့ နည်းပညာလုပ်ငန်းတွေမှာ ငွေကိုပုံအောပြီး နိုင်ငံတကာကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေတာပါ။