ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ နည်းပြရဲ့ခွင့်ပြုချက်မရဘဲ ဆော်ဒီနိုင်ငံဆီ အလည်အပတ် သွားရောက်ခဲ့ပါတယ်။
မက်ဆီဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် မနှစ်က စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီကိစ္စတာဝန်နဲ့ ဆော်ဒီနိုင်ငံမှာရောက်ရှိ နေတာပါ။
ပီအက်စ်ဂျီအသင်းဟာ မေလ ၈ ရက်နေ့မှာ ထရိုင်းရက်စ်နဲ့ လိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး မက်ဆီဟာ လေ့ကျင့်ရေးကွင်းဆီ လာရောက်မလာခဲ့ဘဲ နည်းပြချုပ် ခရစ္စတိုဖာဂယ်တီယာရဲ့ ခွင့်ပြုချက်လည်း ရယူမသွားခဲ့ဘူးလို့ ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe ကဖော်ပြခဲ့ပါတယ်။
အဲဒီလို ခွင့်ပြုချက်မယူဘဲ သွားခဲ့တဲ့အတွက် မက်ဆီကို ၂ ပတ်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်မယ်လို့လည်း RMC Sport သတင်းမှာ ဖော်ပြပါတယ်။
မက်ဆီဟာ ဇနီးဖြစ်သူနဲ့ သားသုံးယောက်ကိုပါခေါ်ပြီး ခရီးသွားသံတမန်တာဝန်အရ ဆော်ဒီနိုင်ငံ မှာ အလည်အပတ်ရောက်ရှိနေတာပါ။
မက်ဆီလာရောက်လည်ပတ်တာကို ဆော်ဒီခရီးသွားလာရေးဝန်ကြီး ကိုယ်တိုင်ကြိုဆိုခဲ့ပြီး မက်ဆီနဲ့မိသားစု အလည်လာတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း တွစ်တာ မှာ ရေးသားခဲ့ပါတယ်။
ဆော်ဒီအာရေဘီးယားနိုင်ငံက အခုနှစ်အတွက် ဟာ့ဂျ်ဘုရားဖူးခရီးသည် ၁ သန်းအထိ ခွင့်ပြုပေးသွားမှာဖြစ်ပြီး တနိုင်ငံလုံး ကိုဗစ်ကန့်သတ်မှု ၂ နှစ် ပြည့်မြောက်ခဲ့ပြီးမှ ပြည်ပ ဘုရားဖူးတွေ ပိုမိုဝင်ခွင့်ပြုခဲ့တာပါ။
ဒီနှစ် မက္ကာကို ဘုရားဖူးလာသူတွေဟာ အသက် ၆၅ နှစ်အောက် ကာကွယ်ဆေးအပြည့် ထိုးပြီးသူတွေသာ ဝင်ခွင့်ပြုမယ်လို့လည်း ဟာ့ဂျ်နဲ့ အွမ်ရာ ဝန်ကြီးဌာနက ကြေညာထားတာပါ။
အစ္စလာမ်ဘာသာအတွက် အရေးကြီးတဲ့ ဟာ့ဂျ်ဘုရားဖူးကို နှစ်စဉ် လူ ၂ သန်းခွဲထိ ခွင့်ပြုထားပေမဲ့ မနှစ်က ကိုဗစ်ကန့်သတ်မှုကြောင့် ပြည်တွင်းဘုရားဖူး ၆ သောင်းနဲ့သာ ကျင်းပခဲ့တာပါ။