close

အမေရိကန်လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုံးဝင်ပြိုင်သည့် ပက်ကွီယို၏သား ပြိုင်ဘက်ကိုအနိုင်ရ

ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အပျော်တမ်းလက်ဝှေ့ပြိုင်ပွဲတခုမှာ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုရဲ့ သားဖြစ်သူ အီမန်နူရယ်က ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ 

အသက် ၂၁ နှစ်ရှိ ပက်ကွီယိုရဲ့သား အီမန်နူရယ်ပတ်ကီယိုဟာ ပြိုင်ဘက်ရိုဆေးလ်ကို အကြိတ်အနယ်ယှဉ်ပြိုင် ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရခဲ့တာပါ။ 

ဖိလစ်ပိုင်မော်ဒယ်နဲ့ သရုပ်ဆောင်တဦးလည်းဖြစ်တဲ့ အီမန် နူရယ်ကို  ဂျင်မြူလို့ ခေါ်ကြပြီး ပထမဆုံးအမေရိကန်အပျော်တမ်းလက်ဝှေ့ပွဲမှာ နိုင်ပွဲစတင်ရယူနိုင်ခဲ့တာပါ။ 

သားဖြစ်သူရဲ့ ပထမဆုံးပွဲစဉ်ကို ပက်ကီယိုကိုယ်တိုင် လာရောက် အားမပေးနိုင်ခဲ့ပေမယ့် အင်စတာဂရမ်ကနေတဆင့် ပက်ကွီယိုက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

“အမေရိကန် အပျော်တမ်း ပြိုင်ပွဲရဲ့ ဂျူနီယာဝယ်တာဝိတ်တန်းမှာ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရခဲ့တဲ့ ကျနော့်သားကို ဂုဏ်ပြုပါတယ်။ သူ့အတွက် အလွန်ဂုဏ်ယူမိပါတယ်”  

ပက်ကွီယိုဟာ ပြီးခဲ့တဲ့ နှစ်က သြဂတ်စ်လတုန်းက ကျူးဘားက ရော်ဒမ်းနစ်ယူဂတ်စ်နဲ့  ထိုးသတ်ခဲ့ရာမှာရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားဘဝနေအနားယူကြောင်း ကြေညာခဲ့ပါတယ်။ 

ပက်ကွီယိုမှာ သား၊ သမီး ၅ဦးရှိပြီး လက်ဝှေ့ထိုးနေတဲ့ အီမန်နူရယ်ပီကီယိုက အကြီးဆုံးသားဖြစ်ပါတယ်။  ပက်ကွဲယိုဟာ ၂၀၂၂ ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ပြောထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up