close

မန္တလေးသင်္ကြန်ပွဲတော် ကျင်းပရန် စစ်ကောင်စီပြင်ဆင်နေ

အခုနှစ်မှာ ဧပြီလမှာ ကျရောက်မယ့် နှစ်ကူးသင်္ကြန်ပွဲကို မန္တလေးတိုင်း စစ်ကောင်စီက  ဦးဆောင်ကျင်းပဖို့ စီစဉ်နေတယ်လို့ စည်ပင်ပိုင် မန္တလေးနေ့စဉ် သတင်းစာကနေ မတ် ၁၅ ရက် ဒီနေ့ ဖော်ပြထားပါတယ်။

တန်ခူးလဆန်း ၁၃ ရက်နေ့မှာ ကျရောက်မယ့် နှစ်ကူးသင်္ကြန်ပွဲ ကျင်းပဖို့ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း မတ်လ ၁၄ ရက်နေ့က စည်ပင်ရုံးမှာ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သူရိန်ထွန်း တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးသင်္ကြန်ပွဲကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကျင်းပမယ်လို့လည်း သိရပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်တဲ့ သင်္ကြန်ပွဲတော်ကို ရပ်နားခဲ့ပြီး ပြည်သူအများစုကလည်း လိုက်နာကာ သင်္ကြန်ပွဲတော် ကျင်းပခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် နှစ်သစ်ကူးပွဲတော်ကို ထပ်မံရပ်နားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကိုဗစ်ကပ်ဘေးရော စစ်အာဏာသိမ်းမှုရော ဆက်ရှိနေတဲ့အပြင်  မန္တလေးမြို့ပေါ်မှာလည်း  စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ၊ ဖောက်ခွဲတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up