ဒွန်းညက်ဒေသအတွင်း ရုရှားဗုံးကြောင့် ၂ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ

ယူကရိန်းအရှေ့ဘက် ဒွန်းညက်ဒေသရှိ ခရာမာတော့မြို့ကို မတ် ၁၉ ရက်နေ့က ရုရှားတပ်တွေ ဗုံးကြဲခဲ့ တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
လူနေအဆောက်အအုံ နဲ့ တိုက်ခန်း အတော်များများ ပျက်စီးသွားတဲ့ ဗွီဒီယိုကို ရဲဌာနက အင်တာနက်ပေါ် တင်ခဲ့တာပါ။
ရုရှားက ယူကရိန်းအရှေ့ဘက်ခြမ်း အဓိကမြို့ကြီးတွေဖြစ်တဲ့ ခါရ်ကိဗ်၊ ချာနိဟိဗ်၊ ဆူမီ၊ မာရီရယ်ပေါလ် မြို့တွေကို ဗုံးတွေ တရစပ်ချပြီး တိုက်ခိုက်နေတာပါ။၊
ရုရှားစစ်ကြောင်းက မြို့တော်ကိယက်ကို ဝင်ဖို့ ခက်နေဆဲဖြစ်တာကြောင့် ညဘက်တွေမှာ မစ်ဇိုင်းဒုံးကျည် အများအပြား ပစ်ခတ်နေတယ်လို့ သိရပါတယ်။
အဆောက်အအုံ အပျက်အစီးတွေ များသလို ရုရှားစစ်သားတွေလည်း ကျဆုံးမှု များပြား နေပါတယ်။ လက်ရှိ စစ်ပွဲ သုံးပတ်ကာလအတွင်း ရုရှားစစ်ဗိုလ်ချုပ် ၄ ဦးနဲ့ တပ်သား ၇၀၀၀ ကျော် ကျဆုံးခဲ့ပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းဒုက္ခသည် ၃ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်နေရပါတယ်။