close

ရုရှားဗုံး

close

March 25, 2022

ကိယက်ဗ်မြို့ပြင် သိုလှောင်ရုံတခု ရုရှားဗုံးထိမှန်ပြီး မီးလောင်ပျက်စီး

ကိယက်ဗ်မြို့အနီးရှိ သိုလှောင်ရုံတခု မတ် ၂၄ ရက်နေ့ ရုရှားတို့တိုက်ခိုက်တဲ့ ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

စတုရန်းမီတာ ၄၀၀၀ ကျော်ရှိတဲ့ သိုလှောင်ရုံတခု မနက် ၅ နာရီမှာ ဗုံးထိမှန်ပြီး ညနေ ၃ နာရီအထိ မီးသတ်တပ်ဖွဲ့တွေ မီးငြှိမ်းသတ်ခဲ့ရတာပါ။ 

ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက မီးသတ်သမားလွှတ်ပြီး ငြှိမ်းသတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုအခြေကိုတော့ မသိရသေးပါဘူး။

ကျူးကျော်တိုက်ခိုက်မှု ၁ လကျော်လာတဲ့အထိ ရုရှားတပ်တွေက မြို့တော်ကိယက်ဗ်ကို  သိမ်းပိုက်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ရုရှားတင့်ကားတွေဟာ ကိယက်ဗ်မြို့အဝင် ဂိတ်တွေမှာ ခုခံမှုကို ရင်ဆိုင်နေရတာပါ။

ရုရှားတပ်ဘက်က အဆုံးရှုံးများပြီး ရိက္ခာထောက်ပံ့မှု ပြတ်လပ်နေပါတယ်။ သမ္မပူတင်က နောက်ဆုံး ဓာတုလက်နက်သုံးပြီး တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

10 mins Ago

March 20, 2022

ဒွန်းညက်ဒေသအတွင်း ရုရှားဗုံးကြောင့် ၂ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ

ယူကရိန်းအရှေ့ဘက် ဒွန်းညက်ဒေသရှိ  ခရာမာတော့မြို့ကို မတ် ၁၉ ရက်နေ့က ရုရှားတပ်တွေ ဗုံးကြဲခဲ့ တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

လူနေအဆောက်အအုံ နဲ့ တိုက်ခန်း အတော်များများ ပျက်စီးသွားတဲ့ ဗွီဒီယိုကို ရဲဌာနက အင်တာနက်ပေါ် တင်ခဲ့တာပါ။ 

ရုရှားက ယူကရိန်းအရှေ့ဘက်ခြမ်း အဓိကမြို့ကြီးတွေဖြစ်တဲ့ ခါရ်ကိဗ်၊ ချာနိဟိဗ်၊ ဆူမီ၊ မာရီရယ်ပေါလ် မြို့တွေကို ဗုံးတွေ တရစပ်ချပြီး တိုက်ခိုက်နေတာပါ။၊ 

ရုရှားစစ်ကြောင်းက မြို့တော်ကိယက်ကို ဝင်ဖို့ ခက်နေဆဲဖြစ်တာကြောင့် ညဘက်တွေမှာ မစ်ဇိုင်းဒုံးကျည် အများအပြား ပစ်ခတ်နေတယ်လို့ သိရပါတယ်။

အဆောက်အအုံ အပျက်အစီးတွေ များသလို ရုရှားစစ်သားတွေလည်း ကျဆုံးမှု များပြား နေပါတယ်။ လက်ရှိ စစ်ပွဲ သုံးပတ်ကာလအတွင်း ရုရှားစစ်ဗိုလ်ချုပ် ၄ ဦးနဲ့ တပ်သား ၇၀၀၀ ကျော် ကျဆုံးခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းဒုက္ခသည် ၃ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်နေရပါတယ်။

5 days Ago
Up