close

ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်အဖြစ် နယူးဒေလီမြို့ ၄ နှစ်ဆက်တိုက် သတ်မှတ်ခံရ

နယူးဒေလီမြို့တော်ကို ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်အဖြစ် သတ်မှတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ လေအရည်အသွေးတိုင်းတာတဲ့  IQAir  က အစီအရင်ခံစာမှာ ထုတ်ပြန်ပါတယ်။ 

 ၄ နှစ်ဆက်တိုက် ကမ္ဘာ့အညစ်ညမ်းဆုံး မြို့တော်အဖြစ် သတ်မှတ်ခံရတာဖြစ်ပြီး အိန္ဒိယမှာ နှစ်စဉ် လူသန်းများစွာကို သတ်နေတဲ့ အဆိပ်သင့်လေကို ထိထိရောက်ရောက် သန့်စင်ဖို့ လိုအပ်နေပြီလို့ ဖော်ပြထားပါတယ်။ 

အိန္ဒိယရဲ့ နှစ်စဉ်ပျမ်းမျှ လေထုထဲပါဝင်တဲ့ အမှုန်အရည်အသွေး PM2.5 ရှိနေတာပါ။ PM2.5 ကြာရှည်ဖြစ်နေရင် ကင်ဆာနဲ့ နှလုံးရောဂါအပါအဝင် အခြားသေစေနိုင်တဲ့ ရောဂါတွေ အလွယ်တကူ ရရှိနိုင်တာပါ။ 

နယူးဒေလီရဲ့ လေထုညစ်ညမ်းမှုပြဿနာက နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု၊ တောင်ယာမီးရှို့မှု၊ ချမ်းအေးတဲ့အချိန် အပူပေးစက် အဖွင့်တာတွေကြောင့်လို့လည်း ဖော်ပြထားပါတယ်။

ဒေလီရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ သမ္မတနန်းတော်နဲ့ ရှေးဟောင်းအဆောက်အအုံ ကူတုမီနာ (Qutub Minar) တို့မှာ ဆောင်းရာသီဆိုရင် ထူထဲတဲ့ မြူမှုန်တွေ အမြဲဖုံးအုပ်နေပါတယ်။ 

အိန္ဒိယမှာ အဆိပ်သင့်လေကြောင့် ၁ နှစ်ကို လူ ၁ သန်းကျော် ရောဂါပေါင်းစုံနဲ့ သေဆုံးတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြပါတယ်။ အခြားအိန္ဒိယမြို့ကြီး အတော်များများလည်း ကမ္ဘာ့လေထုညစ်ညမ်းစာရင်းမှာ ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up