ဒိုင်ဆန်ကုမ္ပဏီ စင်ကာပူတွင် ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

စင်ကာပူဒေါ်လာ ၄ ဒသမ ၉ ဘီလီယံတန် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းရဲ့ အသစ်ဆုံး အစိတ်အပိုင်းအနေနဲ့ လာမယ့် လေးနှစ်အတွင်း စင်ကာပူနိုင်ငံမှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ဒိုင်ဆန်ကုမ္ပဏီက မတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
အိတ်မပါတဲ့ ဖုန်စုပ်စက် တီထွင်သူ ဒိုင်ဆန် စင်ကာပူနိုင်ငံက ပြန်ပြုပြင်ထားတဲ့ စိန့်ဂျိမ်းစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ သူ့ရဲ့ ကမ္ဘာ့ဌာနချုပ်ကို ဒီနေ့ မတ် ၂၅ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဒိုင်ဆန် အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင် အယောက် ၂၅၀ ကျော်ကိုလည်း ထပ်မံငှားရမ်းဖို့ စီစဉ်နေပါတယ်။ ရာထူးတွေထဲမှာ စက်ရုပ်တွေ၊ စက်သင်ယူမှု၊ မြန်နှုန်းမြင့်လျှပ်စစ် ဒစ်ဂျစ်တယ် မော်တာတွေ၊ စွမ်းအင်သိုလှောင်ရေးနဲ့ အခြားကိစ္စတွေအတွက် ရာထူးတွေ ပါမှာပါ။
ဒိုင်ဆန် သုတေသနနဲ့ အင်ဂျင်နီယာအဖွဲ့တွေအတွက်သာမက စီးပွားရေး၊ အဆင့်မြင့် ကုန်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးကွန်ရက် လည်ပတ်ရေးတို့အတွက်ပါ စင်ကာပူဟာ ဌာနချုပ် ဖြစ်ပါတယ်။
စင်ကာပူဟာ စီးပွားရေးလုပ်ဖို့ ရေခံမြေခံ အကောင်းဆုံးနေရာပဲလို့လည်း ဗြိတိန်လုပ်ငန်းရှင် ဂျိမ်းစ်ဒိုင်ဆွန်က ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။