close

ရင်းနှီးမြှုပ်နှံ

close

March 25, 2022

ဒိုင်ဆန်ကုမ္ပဏီ စင်ကာပူတွင် ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

စင်ကာပူဒေါ်လာ ၄ ဒသမ ၉ ဘီလီယံတန် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းရဲ့ အသစ်ဆုံး အစိတ်အပိုင်းအနေနဲ့ လာမယ့် လေးနှစ်အတွင်း စင်ကာပူနိုင်ငံမှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ဒိုင်ဆန်ကုမ္ပဏီက မတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

အိတ်မပါတဲ့ ဖုန်စုပ်စက် တီထွင်သူ ဒိုင်ဆန် စင်ကာပူနိုင်ငံက ပြန်ပြုပြင်ထားတဲ့ စိန့်ဂျိမ်းစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ သူ့ရဲ့ ကမ္ဘာ့ဌာနချုပ်ကို ဒီနေ့ မတ် ၂၅ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒိုင်ဆန် အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင် အယောက် ၂၅၀ ကျော်ကိုလည်း ထပ်မံငှားရမ်းဖို့ စီစဉ်နေပါတယ်။ ရာထူးတွေထဲမှာ စက်ရုပ်တွေ၊ စက်သင်ယူမှု၊ မြန်နှုန်းမြင့်လျှပ်စစ် ဒစ်ဂျစ်တယ် မော်တာတွေ၊ စွမ်းအင်သိုလှောင်ရေးနဲ့ အခြားကိစ္စတွေအတွက် ရာထူးတွေ ပါမှာပါ။

ဒိုင်ဆန် သုတေသနနဲ့ အင်ဂျင်နီယာအဖွဲ့တွေအတွက်သာမက စီးပွားရေး၊ အဆင့်မြင့် ကုန်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးကွန်ရက် လည်ပတ်ရေးတို့အတွက်ပါ စင်ကာပူဟာ ဌာနချုပ် ဖြစ်ပါတယ်။

စင်ကာပူဟာ စီးပွားရေးလုပ်ဖို့ ရေခံမြေခံ အကောင်းဆုံးနေရာပဲလို့လည်း ဗြိတိန်လုပ်ငန်းရှင် ဂျိမ်းစ်ဒိုင်ဆွန်က ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။

2 mins Ago

September 8, 2021

ရုရှားလုပ်ငန်းရှင်များက မြန်မာ့စိုက်ပျိုးရေး၊ ရေနံနှင့် ပင်လယ်ဆိပ်ကမ်း ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ရုရှားလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ ရုရှားနိုင်ငံသို့ ဝယ်ယူ တင်သွင်းတာ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာ၊ ရေနံတူးဖော်ထုတ်လုပ်သန့်စင်တာ၊ ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်း တည်ဆောက်တာ စတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံနဲ့ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု တိုးမြင့်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါကိုယ်စားလှယ်အဖွဲ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ် အပါအဝင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်တဲ့ အဖွဲ့တို့နဲ့  ရုရှားနိုင်ငံ၊ ဗလာဒီဗော့ စတော့မြို့မှာ သီးခြားတွေ့ဆုံခဲ့ကြတာပါ။

နှစ်ဖက်တွေ့ဆုံမှုမှာ ရုရှားနိုင်ငံအား မြန််မာနိုင်ငံမှာ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်ရေး၊ စွမ်းအင်ကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နဲ့ တခြား အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး၊ ရော်ဘာအခြေခံစက်မှု ကုန်ထုတ်လုပ်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတွေမှာ ရုရှားနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

စီးပွားရေးသုတေသီတဦးက “ရုရှား-မြန်မာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုက ရင်းနှီးမြုပ်နှံမှုကော၊ ကုန်သွယ်မှုကောပေါ့နော်။ ကျနော်တို့ တွေ့ရသလောက်က မရှိသလောက်ပဲ တော်တော်နည်းတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်နိုင်ငံစီးပွားရေး ဆက်ဆံမှုက အရင်ကတည်းက အလှမ်းဝေးခဲ့တာပါ။ ပြီးတော့ ရုရှားနိုင်ငံရဲ့စီးပွားရေးက ရေနံနှင့်သဘာဝဓါတ်ငွေ့က အဓိကပဲ ။ သူ့ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ဘယ်ရောင်းလဲဆိုတော့ ဥပရောဆီ အဓိကရောင်းတာ။ ပြီးရင် စစ်လက်နက်ပစ္စည်း ထုတ်ရောင်းတာပေါ့နော်။ ကျန်တဲ့စီးပွားရေးက ကြီးကြီးမားမားမရှိဘူး။ ဆိုတော့ ကျနော့်အမြင်က  ရုရှားက မြန်မာစစ်ကောင်စီကို စစ်ရေးနည်းလမ်းအရ (လက်နက်ထုတ်ရောင်းတာမျိုး)ကူညီကောင်း ကူညီပေးနိုင်မယ်။ စီးပွားရေးနည်းလမ်းအရ ကူညီပေးနိုင်တဲ့နည်းလမ်းတော့ သိပ်မမြင်ဘူး” လို့ ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၉၄ သန်းသာရှိပါတယ်။

ဒီပမာဏ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတည်းက ရင်းနှီးမြုပ်နှံထားရှိတဲ့ ပမာဏသာဖြစ်ပြီး နောက်ထက် ဘာရင်းနှီးမြုပ်နှံမှုမှ ဝင်ရောက်လာတာမရှိပါဘူး။

PHOTO-MOI

7 months Ago
Up