close

ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးရန် ချီလီကျောင်းသားများဆန္ဒပြ

ချီလီမှာ တက္ကသိုလ်ကျောင်းသားထောင်ပေါင်းများစွာက သမ္မတသစ် ဂေဘရီယယ် ဘောရစ်ရဲ့  လက်ဝဲအစိုးရသစ်ကို ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးဖို့ မတ်လ ၂၅ ရက် ဆန္ဒပြခဲ့ကြရာမှာ မီးသတ်ပိုက်နဲ့ ဖြိုခွဲခံရပြီး ကျောင်းသာတွေကလည်း ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ပါတယ်။ 

မတ် ၁၁ ရက် လက်ဝဲကျောင်းသားဟောင်း သမ္မတဘောရစ် အာဏာရပြီး မြို့တော်ဆန်တီယာဂိုမှာ ပထမဆုံး ဆန္ဒပြတာပါ။ 

ယခင်သမ္မတဟောင်းတွေ လက်ထက်မှာ ကျောင်းသားဆန္ဒပြမှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ဘောရစ် ကိုယ်တိုင် ကျောင်းသားခေါင်းဆောင်အနေနဲ့ ဦးဆောင်ဆန္ဒပြခဲ့တာပါ။ 

ချီလီသမိုင်းမှာ အသက်အငယ်ဆုံးသမ္မတဖြစ်တဲ့ ဘောရစ်က လူတန်းစားမညီမျှတဲ့ ဈေးကွက်စနစ်ကို ပြန်ပြုပြင်မယ်လို့ ကတိပေးထားပါတယ်။

ကျောင်းသားတွေက တက္ကသိုလ်စကော်လားရှစ်ရန်ပုံငွေ ပိုမိုတိုးမြှင့်ဖို့နဲ့ ကျောင်းအဆောင် နေစရိတ် စားစရိတ် တလ ပီဆိုငွေ ၃၁၀၀၀ (ဒေါ်လာ ၄၀) ကို မလုံလောက်လို့ ဆန္ဒပြတာပါ။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up