close

ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာ ရဲစခန်း ၄၀ မမ ဖြင့် ပစ်ခံရ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ဘုရားပျို ကျေးရွာ ရဲစခန်းကို မတ် ၂၈ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄၀-မမ သုံးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ (PDF  Khayan) ထုတ်ပြန်ပါတယ်။

ဘုရားပျိုစခန်းကို ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ၄၀-မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စခန်းတွင်းက စစ်ကောင်စီ တပ်ဖွဲ့တွေက ပြန်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးထိခိုက်စာရင်းကို DVB က အတည်မပြုနိုင်သေးပါဘူး။

အလားတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရဲစခန်းလည်း ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဗုံးပစ် တိုက်ခိုက်ခံရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပုသိမ်ကြီးရဲစခန်းကို အာဏာသိမ်းပြီးထဲက လုံခြုံရေးတင်းကျပ်ထားပေမယ့် ဒီနေ့ မွန်းလွဲပိုင်းက ဗုံးပစ် တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရမှု မသိရသေးဘူး” လို့ ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up