close

နိုင်ငံ့ဝန်ထမ်းများ အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစားယူရမည်ဟု စစ်ကောင်စီပြင်ဆင်သတ်မှတ်

နိုင်ငံ့ဝန်ထမ်းတွေ  အငြိမ်းစားယူရမယ့်  အသက်ကို ၆၂ နှစ်လို့  ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းဖို့၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေဖို့ လုပ်ငန်းကျွမ်းကျင်တဲ့  လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ဖို့ အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆာင်ရဲ့ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေရဲ့ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမယ့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်တဲ့နေ့ဆိုပြီး ပြင်ဆင်သတ်မှတ်တာလို့ စစ်ကောင်စီ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

ဝန်ထမ်းတွေ ပင်စင်ယူရမယ့် အသက်ကို ၆၂ နှစ်လို့ စစ်ခေါင်းဆောင်က ညွှန်ကြားသတ်မှတ်ခဲ့ပေမဲ့ ကိုယ်တိုင်ကတော့ အသက် ၆၆ နှစ်ထဲဝင်နေပြီဖြစ်တဲ့တိုင် အာဏာကို လက်မလွှတ် ဆက်လက်စွဲကိုင်ထားပါတယ်။

Photo-NPC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up